|
▀ အမ ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုက ...?

ကားရိုက်ဖို့ရှိတယ်... နေပြည်တော် အမျိုးသားဥယျာဉ် ၊ တိုင်းရင်းသားကျေးရွာ ဖွင့်ပွဲသွားမယ်
ပြန်လာရင် ကားတွေရိုက်မယ်.....
▀ Fashion ပိုင်းနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ စိတ်ဝင်စား အောင်ဘယ်လို
များပြုလုပ်ခဲ့ပါသလဲ...?

အဲဒီလိုကြီးတော့မဟုတ်ပါဘူး ပရိသတ်အကြိုက်နဲ့ ကိုယ့်အကြိုက်ချင်း တူချင်တဲ့
အခါမျိုးကျတော့ တိုက်ဆိုင် သွားတာပေါ့။ အဲလိုတကုးတကကြီးတော့မရှိပါဘူး။
ကိုယ့်အကြိုက် လုပ်တယ် ဒါကို ပရိသတ်က သဘောကျသွားတာပါ.....
▀ အကယ်ဒမီ ပေးပွဲတုန်းက ၀တ်စုံကို ဘယ်သူဖန်တီးပေးခဲ့ပါသလဲ...?
မိုးကုတ် ပေါက်ပေါက်ပါ.....
▀ အနုပညာရှင်တစ်ယောက်အတွက် Fashion ပိုင်းက ဘယ်နှစ်ရာခိုင်နှုန်းလောက်
အထောက်အကူ ဖြစ်စေပါသလဲ...?
အနုပညာရှင် အတွက်ကတော့ Fashion က ဥပမာ Fashion ကျကျ ၀တ်တဲ့အခါမှာ
ပရိသတ်က သဘောကျတယ်။ ပရိသတ်တွေကလည်း ခေတ်မှီလာတယ်လေ Fashion
တုံးတုံး ကြီးဆိုရင် ဟာ...ဘာမှန်းလည်းမသိဘူးဖြစ်ကြတယ်လေ။ ပရိသတ်ကအစ Fashion
ကိုသိနေပြီ Fashion ကို လက်ခံလာပြီ ဆိုတော့ကောင်းပါတယ်။ Fashion က အနုပညာရှင်
အတွက်တင်မဟုတ် ဘူး Business သမားတွေ အတွက်လည်း အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာပေါ့နော်။ စမတ်ကျကျ ၀တ်ထားတယ် ဆိုရင် ယုံကြည်မှု
အပြည့်ရှိတာပေါ့။ အလုပ်လုပ်ရတာ အားလုံးအဆင်ပြေတယ်.....
▀ အကယ်ဒမီ Fashion နဲ့ ပတ်သတ်ပြီးတော့ ပရိသတ်ဆီက ဘယ်လိုအသံများကြားရပါသလဲ...?

ပရိသတ်တွေက ကြိုက်ကြပါတယ်။ အကျီင်္တွေရော၊ ဆံပင်ပုံစံ တွေရောကြိုက်ကြပါတယ်.....
▀ သီးသန့် Fashion Designer ရှိပါသလား...?

ဒီဇိုင်းနာ အကုန်လုံးကလုပ်ပေးကြပါတယ်။ သီးသန့်ရယ်လို့တော့ မရှိပါဘူး။ အားလုံးကိုတော့
ပတ်ပြီး အကူအညီတောင်းရတာပေါ့.....

▀ ကိုယ့်ရဲ့ Fashion ကိုပရိသတ် တွေစိတ်ဝင်စားမှု အပေါ်မှာ ဘယ်လိုခံစားရပါသလဲ...?

ကိုယ်လုပ်တဲ့ အရာတစ်ခုကို ပရိသတ်က အသိအမှတ်ပြုတယ်ဆိုရင် အရမ်းဝမ်းသာပါတယ်.....
▀ အကယ်ဒမီပေးပွဲက Fashion ကို ပရိသတ်တွေက အရမ်းစိတ်ဝင်စားကြတယ်လေ အဲဒီ အပေါ်
အမရဲ့ ခံစားချက်လေးပြောပြပေးပါ...?

ကိုယ်လုပ်ပေးတဲ့ ဟာကို အသိအမှတ်ပြုခံရတာပျော်ပါတယ်.....
▀ ရှေ့ဆက်မယ့် အနုပညာခရီးက...?

ရှိုးပွဲတွေ လျှောက်၊ ကားတွေရိုက် ဒါတွေပဲ လုပ်နေအုံးမှာပါ.....
▀ ပရိသတ်တွေကို ဘာများ ပြောချင်ပါသေးလဲ...?

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့.... ပြောမှားဆိုမှားရှိရင်လည်း ခွင့်လွတ်ပါလို့...
ကိုယ်မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပရိသတ်ကြီးကိုတောင်းပန်ပါတယ်လို့........... |