|
Apple မှ ထုတ်လုပ်လိုက်ပြန်တဲ့ iMac, MacBook အသစ်များအကြောင်း
Microsoft ရဲ့ အကြီးမားဆုံး ပြိုင်ဘက်တစ်ခုဖြစ်တဲ့ Apple Company ဟာ Snow Leopard လို့ခေါ်တဲ့ ၎င်း Company
ရဲ့ ကိုယ်ပိုင် Operating System အသစ်တစ်ခုကို ထုတ်လုပ်ပြီးတဲ့နောက်မှာပဲ Apple ဟာ Macs လို့ User တွေ ကောင်း
ကောင်းသိကြတဲ့ Product Version အသစ်နှစ်ခုကို ထပ်မံထုတ်လုပ်ခဲ့ပြန်ပါတယ်။ အဲဒီ Product Version
အသစ်နှစ်ခုကတော့ iconic all-in-one iMac desktop နဲ့ MacBook လို့ ခေါ်တဲ့ Laptop တို့ပဲ ဖြစ်ကြပါတယ်။
Apple မှ ထုတ်လုပ်လိုက်တဲ့ ၎င်း Macs Product များနဲ့ပတ်သက်ပြီး... ကြမ်းခင်းဈေးအနေနဲ့ MacBook ကို $999 လို့
သတ်မှတ်ထားပြီး၊ iMac Desktop ကိုတော့ တန်ဖိုး $1,199 လို့ သတ်မှတ်ထားကြောင်း သိရှိရပါတယ်။ ဒီဈေးနှုန်းကိစ္စနဲ့
စပ်လျဉ်း၍လည်း Company မှ.. “အခုသတ်မှတ်ထားတဲ့ ကြမ်းခင်းဈေးများဟာ အခြားတံဆိပ်များဖြစ်ကြတဲ့ Dell တို့၊
Hewlett Packard တို့ရဲ့ Laptop တွေ၊ Desktop တွေအတွက် ကုန်ကျရတဲ့ ကုန်ကျစရိတ်နဲ့ယှဉ်လိုက်ရင်
သိပ်မကွာခြားပါကြောင်း၊ ဈေးနှုန်းကို Fair ဖြစ်အောင်လုပ်ထားတဲ့အပြင် စွမ်းဆောင်ရည်လည်း မြင့်မားအောင်
အထူးကြိုးစားပြုလုပ်ထားတဲ့ Product များဖြစ်ပါကြောင်း၊ ဒါ့ကြောင့် User များအနေနဲ့ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့
မျှော်လင့်ပါကြောင်း” စသဖြင့် စုံလင်စွာပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Apple Company ဟာ အဲဒီရက်သတ္တပတ်အတွင်းမှာပဲ Magic Mouse လို့ နာမည်ပေးထားတဲ့ $69 တန်
Mouse အသစ်တစ်မျိုးနဲ့လည်း ထပ်မံမိတ်ဆက်ပေးခဲ့ပြန်ပါသေးတယ်။ ဆန်းသစ်တဲ့ Design ဆန်းနဲ့ အနုပညာလက်ရာ
မြောက်စွာ ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ ၎င်း Magic Mouse ဟာ
အသစ်ထွက်ရှိထားတဲ့ iMac Desktop နဲ့သာမကဘဲ အခြား Macs Product များနဲ့ပါ တွဲဖက်၍ ကောင်းစွာအသုံးပြုနိုင်မှာ
ဖြစ်တယ်လို့လည်း သိရှိခဲ့ရပါတယ်။
အသစ်ထုတ်လုပ်ခဲ့တဲ့ Product Version နှစ်ခုနဲ့စပ်လျဉ်း၍လည်း ပြောကြားခဲ့ရာမှာ iMac Desktop Computer
ဟာဆိုရင်ဖြင့် ဆွဲဆောင်မှုရှိပြီး ကြီးမားလှပတဲ့ Screen ပါရှိပြီး အရင် Desktop များထက်လည်း Resolution ပိုမြင့်ကြောင်း
ဒါ့အပြင် Memory Capacity လည်း ပိုများများဆန့်ကြောင်း၊ Harddisk Size လည်းကြီးမားကြောင်း၊ Processors ဟာလည်း
လျင်မြန်စွာ အလုပ်လုပ်ဆောင်နိုင်ကြောင်း စသဖြင့် သတင်းရရှိပါတယ်။
ဒါ့အပြင် Apple Company မှထုတ်လုပ်ခဲ့တဲ့ ၎င်း iMac Computer ဟာ ကြည့်လိုက်ရင် Stand-alone Monitor
နဲ့ဆင်တူပေမယ့် တကယ်တမ်းတော့ Powerful ဖြစ်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ build-in Computer တစ်မျိုးပဲ
ဖြစ်ပါတယ်။ တစ်ခုပြောစရာရှိတာက ၎င်း Product Model အသစ်ဟာ Screen Size ကြီးမားတာပါပဲ။ တန်ဖိုး $ 1,199 လို့
သတ်မှတ်ထားတဲ့ iMac ရဲ့ Screen Size ဟာ 21.5" ရှိပြီး အရင်ကထုတ်လုပ်ခဲ့တဲ့ Old Version Model ကတော့ 20"
သာရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု Model အသစ်ဟာ အရင်က Old Version Model များနဲ့ ယှဉ်လိုက်ရင် 17%
လောက် Resolution ပိုမြင့်တယ်လို့လည်း သိရှိခဲ့ရပါတယ်။
နောက်ထပ် Version တစ်မျိုးဖြစ်တဲ့ တန်ဖိုး $999 လို့ သတ်မှတ်ထားတဲ့ 13 လက်မအရွယ်အစားရှိတဲ့ MacBook
ကိုတော့ ကြီးမားတဲ့ Multitouch Trackpad တစ်ခု၊ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ဖို့အတွက် ကောင်းမွန်တဲ့ Battery
သက်တမ်းပါရှိပြီး၊ ထောက်ပတဲ့ Screen တို့နဲ့ ပေါင်းစပ်ပြုလုပ်ထားကြောင်း သိရှိရပါတယ်။ ဒ့ါအပြင် ၎င်း Macbook ဟာ
အရင်ကထုတ်လုပ်ခဲ့တဲ့ MacBook Model အမျိုးအစားထက်စာရင် $200 လောက် ပိုသက်သာတယ်လို့လည်း
သိရှိခဲ့ရပါတယ်။
|