Media
Miss ICT နှင့် တွေ့ဆုံခြင်း PDF Print E-mail
Written by Administrator   
Sunday, 18 October 2009 09:18

Miss ICT နှင့် တွေ့ဆုံခြင်း

 

တပ်မတော်ခန်းမမှာ ၁၅ ရက်နေ့ကနေ ၁၈ နေ့အထိ ကျင်းပတဲ့ ICT Exhibition 09 နှင့်အတူ ထူးခြားတဲ့

ပွဲလေးတစ်ခုအကြောင်းကိုတင်ပြရမယ်ဆိုရင်တော့ Miss ICT 2009 ရွေးချယ်ပွဲပဲဖြစ်ပါတယ်။ အဲ့ဒီပွဲရဲ့ နောက်ဆုံး

Final ပွဲလေးကို ၁၅ ရက်အောက်တိုဘာမှာ Sedona Hotel မှာ ပြပွဲရဲ့ ညစာစားပွဲနှင့်အတူကျင်းပခဲ့ပါတယ်။ Miss

ICT 2009 ကိုတော့ ခါးနံပတ် ၈ ဂျူးဂျူးကေ က ရရှိသွားပါတယ်။ သူမ တပ်မတော်ခန်းမ ICT ပြပွဲရဲ့ အသင်းရုံးခန်း

မှာ ရှိနေတုန်း ကျွန်တော်တို့လည်း Online ICT Reader ပရိသတ်ကြီးအတွက် သူမရဲ့ အကြောင်းလေးတွေ တင်ပြ

နိုင်ဖို့ ကြိုးစားရပြန်ပါတယ်။ ချစ်စဖွယ်ရူပနှင့်အတူ သဘောလေးကပါ ကောင်းမွန်တဲ့ ညီမငယ် ဂျူးဂျူးကေက

မအားလပ်တဲ့ ကြားထဲက ကျွန်တော်တို့ မေးသမျှကို စိတ်ရှည်စွာဖြင့် ဖြေပေးရှာပါတယ်။ သူမပြောသမျှကို

ဖောက်သည်ပြန်ချရမယ်ဆိုရင်ဖြင့် -

အမည်လေးကတော့ ဂျူးဂျူးကေဖြစ်ပါတယ်။

ပညာအရည်အချင်းကတော့ B.A Japanese ( Y.U.F.L )။

နေရပ်လိပ်စာကတော့ အမှတ်.၁၄ /၈၈-လမ်း ကန်တော်လေး မင်္ဂလာတောင်ညွှန့်မြို့နယ် ဖြစ်ပါတယ်

သူရဲ့ကိုယ်နေအချိုးအစားကတော့ ၃၂ - ၂၄ - ၃၆ အရပ်ကတော့ ၅ ပေ ၅ လက်မ ဖြစ်ပါတယ်

သူမ၀ါသနာပါတာကတော့ သရုပ်ဆောင်နှင့်တယောထိုးတာဝါသနာပါ ပါတယ်တဲ့။

အားကစားလည်းလုပ်ဖြစ်ပါတယ်။ အင်တာနက်ကတော့အချိန်ရရင်ရသလိုသုံးဖြစ်ပါတယ် ဘယ်ဝက်ဆိုက်တွေကိုကြည့်ဖြစ်သလဲလို့ မေးတဲ့အခါကျ ဖက်ရှင်နဲ့ပတ်သက်တဲ့ဝက်ဆိုက်တွေ Holly Wood  Star နဲ့ပတ်သက်တဲ့သရုပ်ဆောင်မှုပညာတွေကိုဝင်ကြည့်ဖြစ်ပါတယ်။

Computer ကိုဘယ်အချိန်ကစတင်အသုံးပြုသလဲဆိုတော့သိပ်တော့မကြာသေးဘူးပေါ့နော် Computer နည်းပညာပိုင်နဲ့ပတ်သတ်ပြီတော့သူမကတော့ Photoshop ကိုစိတ်ဝင်စားပါတယ်လို့ ဆိုပြန်ပါတယ်။

Computer ပိုင်းကိုသူမအနေနဲ့ရှုမြင်သုံးသပ်သလဲဆိုတာကို မေးကြည့်တဲ့အခါ Computer နည်းပညာတွေက အရမ်းကိုတိုးတက်နေတဲ့ အတွက်ကြောင့် အရင်ခေတ်ကလိုမဟုတ်တော့ဘဲယနေ့ဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲမှုတွေကိုအချိန်နဲ့ တစ်ပြေးညီသိရှိနိုင်တဲ့အတွက်ကြောင့် ICT နည်းပညာဟာ အရမ်းကိုတိုးတက်နေတယ်လို့ယူဆမိပါတယ်တဲ့။

ဘယ်လို Computer တွေကိုသုံးဖြစ်သလဲဆိုတော့ Notebook ကိုဘဲသုံးဖြစ်ပါတယ်တဲ့။

 

 

သူမရဲ့မွေးနေ့ကတော့ ၁.၄.၁၉၈၇ ဖြစ်ပါတယ်။ အသက် ၂၂ ပေါ့ဗျာ။

ပရိသတ်ကို ဘာတွေများပြောချင်ပါသေးလဲဆိုတော့ -

ဒါရိုက်တာ မင်းခိုက်စိုးစံနဲ့မြန်မာ့အသံမှာရုပ်သံဇာတ်လမ်းတွဲတွေရိုက်ဘို့ရှိပါတယ် မကြာခင်မှာထုတ်လွှင့်ပြသတော့မှာပါ ဝေဖန်ပါ အကြံပေးပါ အားပေးကြပါဦးလို့လဲပြောချင်ပါတယ်။

နောက်ကြော်ငြာတွေလဲရိုက်ဖို့ရှိပါတယ် ဖက်ရှင်ရှိုးတွေလဲလုပ်ဦးမှာပါ တက်နိုင်သလောက်အနုပညာကိုကြိုးစားသွားမှာပါ ပရိတ်သတ်ကြီးကိုလဲဆက်လက်အားပေးပါဦးလို့ပြောချင်ပါတယ်ရှင် တဲ့ . . .

 

 

 

Online ICT Reader

 

Last Updated on Sunday, 18 October 2009 10:37
 
Miss ICT 2009 ပုံရိပ်များ PDF Print E-mail
Written by Administrator   
Friday, 16 October 2009 15:16

Miss ICT 2009 ဒိုင်အဖွဲ့ကိုတွေ့ရစဉ်

 

မယ်များကို တွေ့ရစဉ်

 

Miss Hasee ကိုတွေ့ရစဉ်

 

Miss Acer ကိုတွေ့ရစဉ်

Miss Axis ကိုတွေ့ရစဉ်

 

Miss Biostar ကို တွေ့ရစဉ်

 

Miss Concordia ကို တွေ့ရစဉ်

Miss Gigabyte ကို တွေ့ရစဉ်

Miss Neuro Power ကိုတွေ့ရစဉ်

 

Miss View Sonic ကို တွေ့ရစဉ်

 

Miss Redlink ကို တွေ့ရစဉ်

 

Miss Epson ကို တွေ့ရစဉ်

Miss ICT 2009 ကို တွေ့ရစဉ်

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဌ ဒေါ်ဝါ၀ါထွန်းမှ Miss ICT 2009 အား သရဖူချီးမြှင့်စဉ်

Miss ICT 2009 အားငွေကျပ် ၁၀ ချီးမြှင့်စဉ်

ဆုရရှိသော မယ်များကိုတွေ့ရစဉ်

Last Updated on Friday, 16 October 2009 15:43
 


Partner Link

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday190
mod_vvisit_counterYesterday2351
mod_vvisit_counterThis week2541
mod_vvisit_counterLast week15055
mod_vvisit_counterThis month11747
mod_vvisit_counterLast month69370
mod_vvisit_counterAll days1229117

We have: 9 guests, 18 bots online
Your IP: 38.107.191.101
 , 
Today: Sep 06, 2010

Who's Online

We have 94 guests online