| မျှော်နေရော့မယ် |
|
|
|
| Joke - Joke | |||
| Monday, 21 December 2009 09:45 | |||
|
အမဒီဟာက အရွက်ငါးဆယ် ဒီဟာက ၃၀ အမြန်လေးကူးပေးပါ။
ကျွန်တော်သည် ရုံးကကူးခိုင်းသောစာ ရွက်များကိုကော်ပီ လာကူးခြင်းဖြစ်သည်။ ကျွန်တော်တို့ ရုံးသည်ပညာရေး ၀န်ဆောင်မှု ရုံးဖြစ်သောကြောင့် နေ့စဉ်နှင့် အမျှကော်ပီကူးရသည်။ ကူးလိုက်လျှင်လည်းဆောင်ရေတော်တော်များများကူးရသည်။ ဘာလို့သူဌေးဖြစ်တဲ့သူက Copier မ၀ယ်သလဲတော့ ကျွန်တော်မသိပေ။ ထို့ကြောင့်ကျွန်တော်သည် ရုံး၏အနီးအနားရှိ Copier ဆိုင်သို့လာကာ ကော်ပီကူးခြင်းဖြစ်လေသည်။ ကျွန်တော်တို့ ရုံးအနီးတွင် Copier ဆိုင် ၄ ဆိုင်၅ ဆိုင်ခန့်ရှိသည်။ ထို့ကြောင့်ကျွန်တော်သည်ကော်ပီလာကူးတိုင်း ဘယ်ဆိုင်ရယ်လို့ မဟုတ် လူရှင်းသည့်ဆိုင်ကိုဝင်ကာ ကော်ပီကူးလေ့ရှိသည်။ တစ်ခါတစ်ရံအလွန်အရေးကြီးနေပါက ရှေ့ကလူတွေကိုကျော်ပြီး ကိုယ့်စာရွက်များကိုအရင်ကော်ပီကူးပေးမည့် ကိုယ်ကညှင်းလို့ရသောဆိုင်များကို ကော်ပီဝင်ကူးလေ့ရှိသည်။ ကြာတော့လည်း ဆိုင်ကလူများနှင့်ကျွန်တော်သည်ရင်နှီးစပြုလာသည်။ အခုဒီတစ်ခေါက်ကူးတဲ့ဆိုင်က ကျွန်တော်အလာကျဲသည့်ဆိုင်ဖြစ်သည်။ ဒီဆိုင်ကရုံးနှင့်နည်းနည်းလှမ်း သည်။ သို့သော်သူကဆိုင်ကိုအစောကြီးဖွင့်သည်။ ကနေ့မနက် ကော်ပီကူးဖို့ထွက်လာတော့ တခြားဆိုင်တွေမဖွင့်ကြသေး။ ဒါကြောင့် ဒီဆိုင်ကိုထွက်လာခြင်းဖြစ်သည်။ ဆိုင်က Copier သုံးလုံးရှိတာကြောင့် တမုဟုတ်ချင်းပင် ကျွန်တော်ကူးသောစားရွက်များပြီးသွားချေပြီ။ စာရွက်တွေကို အပြီးချုပ်နေသည့် အမကြီးက ကျွန်တော်ကို စကားဆိုလာသည်။ " မောင်လေး မင်းအမြဲဒီမှာလာကူးလေ မင်းကိုအမကော်မရှင်ပေးမယ် " ကျွန်တော့် ရင်ခုန်သံတွေမြန်လာသည် ဒီအရွယ်ထိဒီလိုစကားတစ်ခါမှမကြားဖူးသေး သူကဆက်ပြောသည်။ " မင်းကို တစ်ရွက်ကို ငါးမူးပေးမယ် " ရွက်ရေများလေ မင်းမုန့်ဖိုးရလေပေါ့ " ကျွန်တော်က အင်းမလုပ်အဲ မလုပ် ဒါပေမယ့် သူကတော့ သူ့အစီစဉ်ကိုဆက်ပြော၏။ ပြီးတော့သူဘောင်ချာ ဖြတ်၏ ဘောင်ချာထဲကငွေနှင့်ကျွန်တော်ပေးသောငွေသည် ငွေကျပ် ၄၀ ကွာနေ၏ ဆိုလိုတာကတော့ သူ၏ Marketing အစီစဉ်ကို အခုပင်အကောင်အထည်ဖော်လိုက်သည့် သဘောပင်။
ကျွန်တော်ရုံးရောက်တော့ အရာရှိကို ဘောင်ချာနှင့်ငွေပြန်အပ်၏။ ခြေလတ်တွေ အတော့်ကိုတုန်နေ၏။ ဒါဟာမရိုးမသားများဖြစ်နေလား ဆိုတာကိုကျွန်တော်မဝေခွဲတတ် အင်မတန်ရိုးဖြောင့်သောကျွန်တော်သည် ဤဆိုင်သို့
နောက်ထပ်ကော်ပီသွားမကူးရန် ပိုင်နိုင်စွာ ဆုံးဖြတ်လိုက်လေတော့သတည်း။ ကောင်းလိုက်တဲ့ Marketing များ................
|
|||
| Last Updated on Thursday, 03 June 2010 11:28 |














