| အားကိုးမိလိုက်ပါတယ် |
|
|
|
| Short Stories - Short Stories | |
| Monday, 05 October 2009 10:04 | |
|
၁၉၉၇ - ၉၈ ခုနှစ်လောက်ကပေါ့ . .အ၀တ်သေတ္တာထဲမှ အကျနဆုံး ကောင်းပေ့ ညွန့်ပေ့ အင်္ကျိနှင့်ပုဆိုးကိုကျွန်တော်ထုတ်ဝတ်လိုက်သည်။ ကျွန်တော် ဒီနေ့သွား ရမည့်ကုမ္ပဏီက နိုင်ငံခြားသားကုမ္ပဏီ ဖြစ်သည်။ ၎င်းကုမ္ပဏီကလည်း Hotel တစ်ခု၏ Business Certre မှဖွင့်ထားသောကြောင့် အတတ်နိုင်ဆုံးလူကိုကျော့ကျော့မော့မော့ဖြစ်အောင်ပြင်ဆင်ကာ ကျွန်တော်ထွက်လာခဲ့လိုက် သည် ။ ထူးခြားတာတစ်ခုတော့ရှိသည် Service လိုက်သည့် အိတ်ကို ကျွန်တော်မယူလာ။ အဘယ်ကြောင့်ဆိုသော် ဒီနေ့သူတို့ခေါ်တာ ကွန်ပျူတာပြင်ဖို့မဟုတ် ဘာတဲ့နိုင်ငံခြား ကုမ္ပဏီ တစ်ခု က Technician တစ်ယောက်လာမည်တဲ့ ဒီလူကအဲဒီရုံးမှာ တပ်ဆင် မယ့် ကွန်ပျူတာ Network နှင့် ပတ်သက်နေ့သည့်ပစ္စည်းတစ်ခုအကြောင်း ရှင်းပြလိမ့်မည်။ ဒီတော့ အဲဒီရုံးကလူတွေက သူရှင်းပြမည့် နည်းပညာအကြောင်းကို နားမလည်ကြ။ ထို့ကြောင့်သူလာလျှင်ကျွန်တော်ကိုသူတို့အနားတွင်ရှိစေချင်သည် ဒီလူ ဘာတွေပြောသလဲနားထောင်ပေါ့။ ပြီးရင် ရုံးက လူတွေကိုပြန်ရှင့်ပြပေါ့ပြောရရင်ကျွန်တော်ဘာသာပြန်ပုံစံလုပ်ပေးရမှာတစ်ဘက်လူက နည်းပညာစကားတွေပြောမယ် အဟမ်း ပညာရှင်ကြီးကျွန်တော်က နားထောင်ပြီးရင် ဒီဘက်ကုမ္ပဏီကိုပြန်ရှင်းပြပေါ့ သြော်အဲ့ဒီလိုအားကိုးကြတာ။ ကိုယ်ကစောထွက်လာတာကိုး။ ဒါပေမယ့်လည်း သိပ်မကြားခင်သူရောက်လာတယ်။ ကဲစပါပြီ။ သူတို့တပ်ဆင်ပေးရမယ် ပစ္စည်းလေးအကြောင်းကို ရှင်းပြတယ်။ ကျွန်တော်ကနားထောင်တယ် ဒီဘက်ကလူတွေကတော့ ပညာရှင်ကြီး ကျွန်တော့်ကို ယုံပြီး စကားဝိုင်းမှာဝင်တောင်နားမထောင်ဘဲ သူတို့အလုပ်သူတို့ဆက်လုပ်ကြတယ်။ နားထောင်နေတဲ့ ကျွန်တော်ကတော့ ချွေးပြန်နေပြီး အေးစက်နေတဲ့ Air con အောက်မှာ ကျွန်တော်ချွေးတွေထွက်နေတယ်။ သူပြောတာ ဘာမှ နားမလည်လို့လေ အဲဒီပစ္စည်းလေးကို တစ်ခါမှ မကြားဖူးပဲ။ ဘာပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့ ကျွန်တော် နားထောင်နေတယ်။ စကားဝိုင်း ပြီးသွားတော့ ဒီဘက်ကုမ္ပဏီကမေးတယ်။ ဘာတဲ့လဲတဲ့။ အင်း ဘယ်လိုပြောရမလဲပေါ့နော်။ ပြောရမယ်ဆိုရင်တော့ သူပြောတဲ့ အတိုင်းပေါ့နော် အဲဒီတော့ဒီပစ္စည်းလေးကို ၀ယ်လိုက်ပေါ့နော်၊ ဟုတ်ကဲ့အားလုံးအဆင်ပြေ သွားမှာပါ။ အဟီး နေကလည်းပူလိုက်တာ။
|
|
| Last Updated on Monday, 10 May 2010 09:07 |














