လျော့တွက်မိပါတယ် PDF Print E-mail
User Rating: / 0
PoorBest 
Short Stories - Short Stories
Monday, 05 October 2009 10:04

 

လူတွေလူတွေ တစ်နေ့တစ်နေ့ လောဘမီး၊ ဒေါသမီး၊

 

 

မောဟမီးတွေနဲ့လုံးထွေးနေကြတယ်။ ဒီမီးတွေကြောင့်ပဲ လူတွေဟာ ပူလောင်နေကြတာပေါ့။ ပူလောင်တယ်ဆိုပေမယ့်လဲ

ဒါကို ပူလောင်တယ်လို့မထင်ကြပါဘူး။ ဓါးသွားပေါ်ကပျားရည်စက်တွေလိုပါပဲ။ လူတွေဟာ နိစ္စဓူဝ ဒီမီးတွေနဲ့ရင်ဆိုင်နေရ

ပေမယ့်လည်း ဒီမီးတွေကိုပူတယ်လို့မသိတဲ့လူတွေက နည်းပါတယ်။ တော်တော်များများကတော့ ဒီမီးတွေကို ပိုးဖလံမျိုး

မီးကိုတိုးဆိုသလို ၀င်တိုးနေကြတာပါပဲ။ ဒါတွေကို ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး မီးတွေနဲ့ကင်းဝေအောင် နေဖို့ကြိုစား

နေတဲ့သူတစ်ဦးကတော့ ကျွန်တော်ပဲဖြစ်ပါတယ်။ ဒီနေရာမှာပြောရဦးမယ် အဟမ်း......

ဆရာတော်ကြီးတွေက မင်းတို့မီးလွက်စားကြဆိုတော့...

လူတွေကစဉ်းစားတယ် ဟာ ..... ကြည့်စမ်းတယ်မွန်မြတ်တာပဲ..... အရင်တုန်းက အသားမပါပဲသက်သက်လွတ်စားကြ

တယ်။ အခုမီးနဲ့တောင်မချက်ပြုတ်တော့ဘူး။ မြင့်သွားပြီ ....အရမ်းကိုမြင့်သွားပြီ.......

မီးလွတ်ဆိုတော့ မီးနဲ့မချက်ပြုတ်ပဲ စားရမယ်ပေါ့။ ဒါဟာ အသီးတွေကိုပဲစားခိုင်းတာပဲလို့ လူတွေကဒီလို သုံးသပ်ကြတယ်။

တရားပွဲကပြန်လာတယ်ဆိုရင်ပဲ လူတွေဟာအိမ်မှာကျန်နေခဲ့တဲ့ သူတွေနဲ့တောင် မတူတော့သလို အင်မတန်ရင့်ကျက်တဲ့

သူတော်စင်တွေလို ပုံစံမျိုးနဲ့ကဲငါကတော့ ဒီနေ့ကစပြီး မီးလွတ်စားတော့မယ် မင်းတို့ငါ့အတွက်သစ်သီးတွေသာစီစဉ်ပေတော့ 

စသဖြင့်ပေါ့။ လူတွေလူတွေ အ၀ိဇ္ဖာဖုံးတာပြောပါတယ်။ မီးလွက်စားကြပါဆိုတာ...

ဘာပဲစားစား လောဘမီး၊ ဒေါသမီး၊ မောဟမီး စတဲ့မီးတွေလွတ်အောင် စားကြလို့ပြောတာ....အဲဒါလူတွေက အဓိပ္ပါယ်

ကောက်လွဲပြီး မီးနဲ့မချက်တဲ့ သစ်သီးတွေကို စားခိုင်းတယ်မှတ်နေတာ။ ကိုယ်စားချင်တဲ့ အစားအစာတွေမစားရရင်

ဒေါသထွက်မယ်... ကိုယ်မကြိုက်တဲ့ အစားအစာတွေစားနေရရင်လည်း ဒေါသထွက်မယ်....ဒါ... မီးတွေပဲပေါ့...ကိုယ်

စားချင်တဲ့အစားအစာတွေ စားနေရရင်တော့လည်း ထပ်ထပ်ပြီးစားချင်တဲ့ လောဘမီးတွေဖြစ်ကြပြန်ရော..မီးတွေ

ကြောက်ဖို့ကောင်းလိုက်တာနော်...အောင်မလေး......... ကျုပ်တို့လိုဆင်းရဲသားတွေ ဟင်းကောင်းကောင်းနဲ့မစားရလို့

တတ်မက်တဲ့စိတ်တွေလည်း မဖြစ်ပါဘူး။ လောမီး ဒေါသမီးတွေလည်း မရှိပါဘူးလို့ပြောတဲ့သူတွေရောရှိနိုင်မလား...

ဘဲကင်ကြီးစားရမှ လောဘမီးဖြစ်တယ်မထင်နဲ့ ဒညင်းသီးစားတဲ့သူတောင်လောဘမီးရှိတယ်။ ဘာတဲ့...ကြားဖူးတာ

အဒေါ်ကြီးတစ်ယောက်ဒညင်းသီး တစ်ခါစားအလုံး နှစ်ဆယ်အစိတ်တဲ့ ပြီးတော့ မျက်နှာမှာ ဘုကြီးတွေထွက်လာ

လို့ဆိုတော့ကာ ဒီမီးတွေက ဆင်းရဲချမ်းသာမရွေးတောင်လောင်နေတာဗျ.....

ဒညင်းသီးပေါ်မှာသောလည်းကောင်း၊ ဘဲကင်ကြီးပေါ်မှာသောလည်းကောင်း တောက်တဲ့မီးကတော့အတူတူပါပဲ...စာပေ

တွေထဲမှာလည်း ဖတ်ဖူးတယ်။ အမြဲတမ်း ထမင်းစားတိုင်း အမဲသားပါမှစားတယ်။ သူကိုယ်တိုင်ကလည်း နွားတွေမွေးထား

တယ် နွားသက်ပြီးအသားတွေကိုသူ့ အတွက်လည်းဖယ်ထားတယ်။ ရောင်းလည်းရောင်းတယ် တစ်နေ့သူမရှိတုန်း သူ့

သူငယ်ချင်းတစ်ယောက်ကရောက်လာပြီးအမဲသားလာဝယ်ပါတယ်။ အိမ်ကဇနီးဖြစ်သူက သူ့ယောင်္ကျားအတွက် ဖယ်ထားတဲ့

အမဲသားပဲရှိတော့တယ်မရောင်းနိုင်ဘူးပြောတာကို အိမ်မှာဧည့်သည်ရောက်နေလို့ပါဆိုပြီး အတင်းဝယ်နေတာကြောင့်

အားနာပြီးရောင်းလိုက်ပါတော့တယ်။ လင်ယောင်္ကျားပြန်လာလို့ သူ့အတွက်စားစရာအမဲသားမရှိတော့တဲ့အခါ တစ်ခါ

တည်းပွဲကြမ်းပါတော့တယ်။ ဒါနဲ့ ဒေါသတွေ တဟုန်ထိုးထွက်လာပြီး ဓါးကို တစ်ခါတည်းပြေးယူကာ နွားပါးစပ်ကလျှာကို

ဆွဲယူပြီး တစ်ခါတည်းဖြတ်ချလိုက်ပါတော့တယ်။ လျှာအဖြတ်ခံရတဲ့နွားခမျာ နာကြင်လွန်းလို့ပြေးလွှား နေရှာပါတယ်။

သူကတော့ ဖြတ်လာတဲ့နွားလျှာကို မီးနဲ့ကင်ပါတော့တယ်။ ကင်လို့ပြီးတာနဲ့သူလည်း ဒီအမဲလျှာကိုအားရပါးရစားလိုက်တာ

အမဲလျှာရဲ့ကင်ထားတဲ့ အပူဒဏ်ကြောင့် သူ့ရဲ့လျှာကလည်း တိကနဲပျက်ကျသွားပါတယ်။ အဲ့ဒီအခါမှာတော့ သူဟာလည်း

ခုနက လျှာဖြတ်ခံရတဲ့နွားလိုပဲ နာကြင်မှုဒဏ်ကို ပြင်းထန်စွာခံစားရပါတော့တယ်။

ဒါကိုကြည့်မယ်ဆိုရင် ကိုယ်စားချင်တာကိုစားရဖို့ လောဘတွေဖြစ်တယ် မစားရလို့ ဒေါသတွေဖြစ်တယ်။ ဒါတွေဟာမီးတွေ

ပဲပေါ့။ ဒါကြောင့်ဒီမီးတွေလွတ်အောင် စားကြပါလို့ပြောတော့ပေါ့။ တစ်ချို့ကျတော့ စားနေရင်းနဲ့တောင်မ၀နိုင်ပဲ ကောင်းလိုက်

တာ ထပ်စားချင်သေးတယ် ထပ်စားဦးမယ် စသဖြင့်ဖြစ်ကြတယ်။

ကျွန်တော်ဆို အခုတော်တော့်ကို သတိလေးထားပြီးဆင်ခြင်တတ်လာပြိီ ဘယ်လောက်ပဲကောင်းတာစားစား သတိလေး

ကပ်ပြီးစားပေါ့။ အ၀တ်အစားဆိုလည်းဒီတိုင်းပဲ အ၀တ်အစားဆိုတာ အရှက်လုံဖို့ပဲမဟုတ်လား။ သြော် ဒါနဲ့မေ့နေလိုက်တာ

ညနေကျရင်အသိတစ်ယောက်က Dinner ဖိတ်ထားတယ်။ သူ့မွေးနေ့မို့လို့တဲ့ သွားရမှာက Club တစ်ခုပဲ ဖိတ်တဲ့သူက

လူငယ်မို့ Club တစ်ခုမှာ သူ့မွေးနေ့ကိုကျင်းပါတာ။ ညနေကျွန်တော်ရောက်သွားတော့ ......

လူတော်တော်စုံနေပြီ ဘူဖေးကျွေးမှာပါလား ....

အင်းလူတွေကများသား ........ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ မွေးနေ့ရှင်ကို နှုတ်ဆက်ပြီး ကျွန်တော်လည်း ဘယ်အချိန်

ကျွေးမလဲဆိုတာကိုစောင့်နေတာပေါ့ စိတ်ထဲမှာတော့ စိုးရိမ်သားဗျ။ ဘူဖေး ကိုလူတွေအများကြီးကျွေးမှာဆိုတော့ တန်းစီရ

မယ်ထင်တယ်။ ကိုယ့်အလှည့်ရောက်မှ ကုန်သွားရင်ဒုက္ခပဲ စိုးရိမ်စိတ်ကလေးနည်းနည်းရှိနေတာမို့ ဘူဖေးကျွေးမယ့် နေရာ

နားကို လေ့လာကြည့်လိုက်တယ်။ ပန်းကန်တွေဇွန်းတွေ ဘယ်နေရာမှာထားလဲလေ့လာကြည့်လိုက်တယ်။ တွေ့ပြီ ဒီဘက်

ကနေတန်းစီရမှာပဲ ပန်းကန်တွေထားတဲ့နေရာကနေစီရမှာလေ အဲ့ဒီနေရာမှာပဲ ရစ်သီရစ်သီ ကျွန်တော်လုပ်နေလိုက်တယ်

မွေးနေ့ရှင်နဲ့အပေါင်းအပါတွေ သီချင်းတွေဆိုပြီး စားကြပါတော့ဆိုတဲ့အချိန်မှာ ပန်းကန်နဲ့ဇွန်းကိုကိုင်ပြီး တန်းစီနေတဲ့လူတွေ

ထဲမှာ ကျွန်တော်က ဒုတိယ ဟာ...ရှေ့ကလူကလည်းနှေးလိုက်တာ ဗိုက်ကဆာနေပြီ အိုထမင်းကြော်ကိုထည့်တယ် ဆိုရုံ

လောက်ထည့်မှပဲ ထမင်းကိုနည်းနည်းပဲစား ဟင်းကိုများများစာ အို ၀တ်သားတုံးကြီးတွေ နှစ်တုံးတောင်ထည့်တစ်တုံးတည်း

နဲ့တော့အဖြစ်လောက်ဘူး။ အိုဒါက Sea Food ပဲ။ ၃ ဇွန်းလောက်ပဲထည့်လိုက်တယ်။ သိပ်မများပါဘူး ပန်းကန်တစ်ဝက်

လောက်ပေါ့ ဒါက အရွက်ကြော်ပါလေရာလေးပဲထည့်မှ ဒါကကြက်သားကို အရိုးထုတ်ထားတာ စားကောင်းမယ့်ပုံပဲ ၃ ဇွန်း

လောက်ပဲထည့်လိုက်တယ်။

ပန်းကန်မှာ တော်တော်တောင်မောက်နေပြီ ဒါပေမယ့်ဘဲကင်ကရှိနေသေးတယ်။ ပေါင်(၂) ချောင်းပဲထည့်လိုက်တယ်။

နောက်လူတွေအတွက်လည်းရှိသေးတယ်လေ။  အော်ဒါက ငါးကိုအပိုင်းလိုက်ပိုင်းပြီးအတစ်ကောင်လုံးပုံ မပျက်အောင်ကြော်ထား

တာပဲ ခေါင်းနဲ့ အမှီးကို ချန်ထားပြီး အလယ်ပိုင်းအသားလေး (၂) တုန်းကိုပဲ ထည့်လိုက်တယ်။ သိတယ်မလားနောက်လူ

အတွက်ချန်ရအုံးမယ်လေ။

ဟင်းချိုကိုရောက်ပြီပန်းကန်လုံးလေး တစ်လုံးယူလိုက်တယ် အို.... တုန်ယန်း ဟင်းချိုပဲ ငါးဖယ်တုံးနှင့် ငုံဥကိုပဲရွေးပြီး

ဆယ်ထည့်လိုက်တယ်။ သိပ်မများပါဘူး တစ်ပန်းကန်လုံး ပုဇွန်၊ ငါးဖယ်လုံး နှင့် ငုံဥတွေချည်ပဲ Ok ပန်းကန်လည်းမောက်နေပြီ

ကျွန်တော် ချောင်ကျတဲ့နေရာကိုလာလိုက်တယ်။ သေသေချာချာကျကျနန ထိုင်ပြီး ဆွဲပြီဗျို့ အို စားလို့ကောင်းလိုက်တာ

ဗျာ..............ပန်းကန်တစ်ဝတ်လောက်ပဲစားပြီးချိန်မှာစိုးရိမ်းစိတ်တွေဝင်လာတယ်။ မြန်မြန်စားမှ လူတွေကများတယ်။

ကုန်သွားရင်ငါ ထက်ယူလို့မရပဲနေလိမ့်မယ်။ အချိုရေနဲ့ သစ်သီးတွေစားဖို့ ငါ့ဗိုက်ကရောဆန့်ပါ့မလား..

တောက်.....

ဒီလိုမှန်းသိရင်ကွာ အိမ်ကမိန်းမခေါ်ခဲ့ရင်ကောင်းသား Club ထဲမှာတော့မီးလေးတွေက မှိန်မှိန်လေးထွန်းထားပေမယ့်

ရင်ထဲကမီးတွေက ဟုန်းဟုန်းတောက်နေတာကိုတော့ ဗိုက်ဝသွားမှပဲ သိလိုက်ရပါတော့တယ်။

သြော်ငါ့နှယ်..........ဘူဖေး နဲ့တွေ့မှပဲ ငြိမ်းနေပြီလို့ထင်နေတဲ့ မီးတွေကို ငါတွေ့လိုက်ရတော့တယ်

လျှော့မတွက်ကြနဲ့နော်.............

Last Updated on Monday, 10 May 2010 09:15
 

Partner Link

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday1572
mod_vvisit_counterYesterday2351
mod_vvisit_counterThis week3923
mod_vvisit_counterLast week15055
mod_vvisit_counterThis month13129
mod_vvisit_counterLast month69370
mod_vvisit_counterAll days1230499

We have: 11 guests, 1 members, 18 bots online
Your IP: 38.107.191.102
 , 
Today: Sep 06, 2010

Who's Online

We have 99 guests and 2 members online