| စိတ်ကြီးတယ် |
|
|
|
| Joke - Joke | |||
| Saturday, 12 September 2009 13:24 | |||
|
ဒီနေ့သင်တန်းသားတွေကို ကျွန်တော် CMOS Utility အကြောင်း သင်နေတယ်။ အဲဒီအချိန်တုန်းက CMOS Utility ဆိုတာ Hardware သင်ခန်းစာထဲမှာ အလွန်တရာ အရေးကြီးတဲ့ အခန်း ဖြစ်ပါတယ်။ ဒီနေ့ခေတ်လို Auto ခေတ်မဟုတ်သေးဘူး Hard Disk ကြေငြာတာတို့ဘာတို့က အဲဒီမှာလုပ်ရမှာ ဒီတော့ သင်တန်းသားတွေလည်း စိတ်ဝင်တစား ကျွန်တော်သင်ပေးနေတာကို နားထောင်နေကြလေရဲ့ ပြောရဦးမယ်အဲဒီအချိန် အဲဒီ အခါတုန်းက Hardwareသင်တန်းလာတတ်ကြတဲ့သူတွေက ပျှမ်းမျှခြင်းအသတ် 25-30 ကြားရှိတယ် ခုခေတ်မှာ တော့ ၁၀ တန်းအောင်တဲ့ကလေးတွေက ISA Hardware သင်တန်းတတ် နေကြာ နောက်ပြီးဒီနေ့ Hardware သင်တန်းမှာ မိန်းက လေးတွေလည်း တတ်နေကြတာပဲ အဲဒီတုန်းကတော့ Hardware သင်တန်းဆို ယောက်ျားလေးတွေပဲများတယ်။ သင်တန်း ဆရာနဲ့ သင်တန်းသားနဲ့က သင်တန်းသားကတောင် အသက်ပိုကြီးနေသေးတယ်။ ဒီလိုနဲ့ သင်လာရင်း သင်ခန်းစာက CMOS ထဲမှာ Password ပေးတဲ့ အကြောင်းကို ရောက်လာတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှုကလည်း တဖြည်းဖြည်းပိုလာတယ်။ '' CMOS " ထဲကိုကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က၀င်ပြီး ကလိသွားတာမျိုး မဖြစ်အောင် Passward ပေးထားရမယ် အထူးသဖြင့် ကျွန်တော်ကသင်ခန်းစာတွေကို ရှင်းပြနေတယ်။ ကိုယ်က Passward ကို မပေးမိလို့အခြားတစ်ယောက်က Password ကို ပေးသွားရင်ကောလို့ ကျောင်းသား တစ်ယောက်ကမေးတယ် နောက်ကျောင်းသားတစ်ယောက်က၀င်ပြော တယ် ဒါဆို ကိုယ်တွေပါဝင်လို့မရတော့ ဘူးးပေါ့တဲ့ ။ ကျန်တဲ့သူတွေအားလုံး စိတ်ဝင်စားသွားကြတယ် ဟုတ်ပါတယ် အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင်တော့ Motherboard ပေါ်မှာ ရှိတဲ့ Clear COMS ဆိုတဲ့ Jumper ကို ချိုးပေးရမှာဗျဆိုပြီးကျွန်တော်က ရှင်းပြလိုက်တယ်။ ဒီတော့ သင်တန်းသားတစ်ယောက်က မနေနိုင်တော့ဘဲ ကောက်ခါငင်ကာ မေးပါလေရော ဘာတဲ့ - အဲဒီ Jumper ကို ပလာယာနှင့် ဆွဲချိုးရမှာလားတဲ့ -
|
|||
| Last Updated on Thursday, 03 June 2010 11:32 |
















