| မောင် - - - မေးနေတာဖြေဦးလေ |
|
|
|
| Short Stories - Short Stories | |
| Monday, 05 October 2009 10:04 | |
|
ကနေ့ ကျွန်တော်နှင့် Marketing ဌာနမှ ၀န်ထမ်းတစ်ယောက်နဲ့ Marketing ထွက်လာပါတယ်။ ကျွန်တော်သည် လိုအပ်သည်များကို ညွန်ကြားနိုင်ရန် ၎င်းနှင့်အတူ ဒီလိုပဲ ရံဖန်ရံခါ လိုက်လာတတ်သည် ယနေ့လိုအပ်သည်များကို စစ်ရန်သူနှင့်အတူ Marketing ထွက်လာခြင်း ဖြစ်လေသည်။ ဤကဲ့သို့ နေ့များတွင် ကျွန်တော်တို့သည် ထမင်းဆိုင်ကောင်းကောင်းတစ်ခုကို ၀င်၍ ထမင်းစားတတ်ကြသည်။ ဒီလိုနေ့မျိုးတွင် ကျွန်တော်သည် ထမင်းချိုင့်ထည့်လေ့ မရှိချေ။ ယခုလည်း အစာအိမ်ဟွန်းသံ ပေးနေပြီးမို့ မြန်မာထမင်း ဆိုင်ကြီးတစ်ဆိုင်ထဲ သို့ဝင်ခဲ့ကြသည်။ အို ထမင်းစားချိန်မို့လားမသိ ဆိုင်ထဲမှာလူများပြည့်ကျပ်နေ၏။ ကျုပ်တို့နှစ်ယောက် လည်း ဘယ်မှာထိုင်ရမှန်းမသိဘူးဖြစ်နေရာ စားပွဲထိုးလေးက နေရာချပေး၏ စားပွဲကလေးထောင့် က ကျွန်တော်တို့ နှစ် ယောက်ကတစ်ဖက် အခြားတစ်ဖက်မှာ ခပ်ငယ်ငယ် စုံတွဲတစ်တွဲ သူတို့ကတော့စားနေကြပြီ ဆိုင်မှာလူကျချိန်မို့ တစ်စားပွဲ ထဲမှာပင် စားသုံးသူများမှာ ကိုယ်အပွဲလိုက်သီးခြားစားနိုင်ခြင်းမရှိ စားပွဲထိုးလေးကိုဟင်းမှာတော့ ....................... “ ငါက ဆိတ်သားနှပ်ဟေ့ ” ကျွန်တော်ကတော့ ဆိတ်သားနှပ်မှာလိုက်၏ “ ဟုတ်ကဲ့ ” ဟိုဘက်က အကိုလေးကရော ဆရာ ကျွန်တော် ဖိုက်တင်ဘောစားချင်တယ် “ အေး သူ့အတွက် ဖိုက်တင်ဘောလုပ်ကွာ ” ဒီလိုပြောပြီးတော့  စားပွဲ ထိုးလေးထွက်သွားချိန်မှာ ရှေ့စုံတွဲက ကောင်မလေးက ကောင်လေးကို ကျွန်တော်တို့ရှေ့မှာ အတင်းမေးရှာတယ် တကယ်မသိလို့ပါ။ ဘယ်လိုမေးလိုက်တာလဲဆိုတော့ - “ မောင် ဖိုက်တင်ဘောဆိုတာဘာလဲဟင် ” တဲ့ ကောင်လေးရဲ့ မျက်နှာကြီးကို မြင်ရောင်ကြည့်လိုက်စမ်းပါဗျာ။ ကျုပ်တို့လည်း မျက်နှာပူလို့ ဟိုဘက်လှည့်ပြီး ရီချင်လို့ အံကြိတ်ထားရတယ်။ ကောင်မလေးက မရဘူး စိတ်ကြီးပုံရတယ် ဘာတဲ့-- “ မောင် မေးနေတာဖြေဦးလေ ” တဲ့
|
|
| Last Updated on Monday, 10 May 2010 09:12 |















