| ဖြစ်တတ်ပါတယ် |
|
|
|
| Joke - Joke | |
| Monday, 05 October 2009 10:01 | |
|
သူငယ်ချင်းတွေထဲမှာ ငထွန်းဆိုတဲ့ကောင်က တကယ့်ကို Lazy Boneပဲ ချိန်းလိုက်ပြီဆိုရင်လဲ ဘယ်တော့မဆို အချိန်မှန်မှန်ရောက်လေ့မရှိဘူး........ ဟိုသွားမယ်ဒီသွားမယ်ဆိုရင် သူ့ကိုဝင်ခေါ်ရတာအလုပ်တစ်လုပ် ၀င်မခေါ်ရင်ဒီကောင်က အဖွဲ့တွေထဲ ပါမလာတော့ဘုး။ ကျွန်တော်ကလည်း သူ့ကိုခင်တယ်။ ဒါကြောင့်သူ့ရဲ့ နောက်ကြတတ်တဲ့အကျင့်လေးကို သီးခံပြီး သူငယ်ချင်းအားလုံးပေါင်းသင်းနေကြတာ....... သွားစရာရှိတဲ့နေရာ၊ လည်စရာရှိတဲ့နေရာမျိုး ငထွန်း မပါရင်ပွဲမစည်ဘူး။ ဒီကောင်က တကယ့်ကိုပွဲခံတဲ့အကောင် ရောက်တဲ့နေရာမှာပွဲခံနေကြ သူပါမှပွဲကလည်းတ၀ါးဝါး။ ဒီကောင်က အရှက်ကလည်းနည်းတယ်။ ပါးစပ်ကလည်း ကြံကြံဖန်ဖန်ပြောတတ်တယ်။ ဒါပေမယ့်...... ၀ယ်သွားတဲ့သူက ပိုက်ဆံကို အကြွေးလဲဝယ်သေးတယ် ပေးတော့လဲပုံခနဲမပေးပဲ နည်းနည်းချင်းပေးနေတာကို သူကမကျေနပ်တော့ ဘာတဲ့........။ “ပိုက်ဆံကို မယားငယ်ပေး” ပေးနေတယ် ဆိုပြီးပြောတယ်။ ဆက်နေကျအပြင်....... ငထွန်း လာရင်ပြောစရာတစ်ခုတော့ ကျန်စမြဲပဲဆိုတဲ့အကောင်..... စကားပုံတောင်ရှိသေးတယ်လေ....... “ဇာတ်ဆရာပြန်ရင် ပြောစရာတစ်ခုတော့ကျန်တယ်ဆိုတာမျိုးပေါ့”.... ဒါကြောင့်လည်း........ ဘယ်သွားသွား....... ငထွန်းကိုကျွန်တော်တို့ ပါအောင်ခေါ်ကြတယ်။ ကျွန်တော်တို့ ကတော့ IT သမားတွေဆိုတော့ နည်းပညာကြားထဲကမထွက်နိုင်ဘူးလေ။ ဒါကြောင့် ငထွန်းလိုလဲပွဲစည်အောင် မလုပ်တတ်ဘူး။ အခုလည်းပျော်ပွဲစားထွက်ကြမလားလို့ ချိန်းထားတာ အားလုံးရောက်နေပြီ။ ငထွန်းတစ်ကောင်မရောက်သေးဘူး။ စိတ်မရှည်တော့တဲ့..... မောင်မောင်က ဖုန်းဆက်ကွာလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်လဲ ဖုံးဆက်လိုက်တယ်။ မင်းမလာသေးဘူးလား........ ဟ...လာ နေပြီ အ၀ိုင်းဝိုင်း...“ဦးဝိစာရ”အ၀ိုင်းကို ရောက်နေပြီ နောက်(၁၀) မိနစ်လောက် ဆိုရောက်ပြီ.....ကွ ကျွန်တော် တော်တော်ပေါက်သွားတယ်....... ဟေ့ကောင်..... ငထွန်း ငါဆက်နေတာမင်းအိမ်ဖုန်း မင်းဟမ်းဖုန်း မဟုတ်ဘူး......။
|
|
| Last Updated on Thursday, 15 July 2010 09:21 |














