| Treands in Technology (နည်းပညာအလားအလာ) |
|
|
|
| Written by Administrator |
| Friday, 30 July 2010 10:50 |
|
Treands in Technology (နည်းပညာအလားအလာ) အကြောင်းဆွေးနွေးပွဲ
UMFCCI မှကြီးမှူး၍ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်မှုများ၊ ရာသီသဘာဝများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ၊ ဟောပြောပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပလျက်ရှိပါသည်။ ယနေ့ ဇူလိုင်လ (၃၀) ရက်နေ့ (သောကြာနေ့) နေ့လည် (၂) နာရီတွင်လည်း နည်းပညာအလားအလာများနှင့် ပတ်သက်၍ ဆရာဦးနေအောင် (Director Saba Inc) မှဟောပြောမည်ဟုသိရှိရပါသည်။ အဆိုပါဟောပြောပွဲ အခမ်းအနားကို UMFCCI ပထမထပ်၊ မင်းရဲကျော်စွာလမ်း (အင်းစိန်မှတ်တိုင်အနီး) ရှိ အစည်းအဝေး ခမ်းမတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အသင်းဝင်များနှင့် အခြားစိတ်ပါဝင်စား သူများအနေနှင့် မည်သူမဆို တက်ရောက်ဆွေးနွေး နိုင်ကြောင်း သိရှိရပါသည်။ ယနေ့တွင် ဆွေးနွေးဟောပြောမည့် ဆရာဦးနေအောင်သည် Masters in Management Science, Stanford University (2006) - Mana Cum Laude, Master in Economics, Lomdon School of Economics (2004) - First Class Honors, Bachebr in Economics and Law, University of Arizona (2003) - Magna Cun Laude စသည့် ဘွဲ့များ ရယူထားသူဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ |
| Last Updated on Wednesday, 04 August 2010 08:22 |















