| INVITATION FOR WORKSHOP ဆွေးနွေးပွဲ |
|
|
|
| Written by Administrator |
| Thursday, 29 July 2010 15:54 |
|
ယနေ့ သြဂုတ်လ (2) ရက်နေ့ (တနင်္လာနေ့) တွင် Myanmar NLP Lab e- National Task Force မှ ကြီးမှူး၍ Invitation For Workshop ဆွေးနွေးပွဲကျင်းပမည်ဖြစ်ပါသည်။ အဆိုပါပွဲမှာ Nutrual Language Processing အနေနှင့် ပထမဦးဆုံးပြုလုပ်သည့်ပွဲဖြစ်ကြောင်းသိရှိရပါသည်။ ဆွေးနွေးပွဲလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သိပ္ပံနှင့် နည်းပညာဌာနနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ ပညာရှင်များ၊ ပုဂ္ဂလိကပညာရှင်များထဲမှ နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံများနှီးနှော ဖလှယ်နိုင်ရေး၊ နယ်ပယ်အသီးသီးတွင် အသုံးပြုနေသော ကွန်ပျူတာ APPlication များကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရေး တို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါအလုပ်ရုံ အစည်းအဝေးသို့ သိပ္ပံနည်းပညာဌာန၊ မြန်မာစာဌာန၊ နိုင်ငံခြားဘာသာတက္ကသိုလ်ဌာန တာဝန်ရှိပုဂ္ဂိုလ်၊ MCIA, MCPA , အဆင့်မြင့် ပညာဦးစီးဌာန စသည့်ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြားဖိတ်ကြားထားသော အတက်ပညာရှင်များ တက်ရောက်ဆွေးနွေး ကြမည်ဖြစ်ပြီး NLP ရှိ Machine Translation နှင့်ပတ်သက်၍အပြန်အလှန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆွေးနွေးပွဲတက်ရောက်ကြသူများ အနေနှင့် ဇူလိုင်လ (၃၀) ရက်၊ သောကြာနေ့နောက်ဆုံးထား၍ သတင်းပေးပို့ကြရမည်ဖြစ်ပြီး ဆွေးနွေးပွဲကို Myanmar Info-Tech Campus, Comference Hall တွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီ ထိကျင်းပကြမည်ဟု သတင်းရရှိခဲ့ပါသည်။ |
| Last Updated on Wednesday, 04 August 2010 08:13 |












