| Seminar News |
|
|
|
| Written by Administrator |
| Thursday, 29 July 2010 08:11 |
|
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း “Information Security” ဟောပြောပွဲကျင်းပမည်
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်
နည်းပညာရပ်များ၏ နောက်ကွယ်ရှိသတင်းအချက်အလက်ပိုင်းဆိုင်ရာ လုံခြုံရေးစနစ်များ၊ Cyber Threats များ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးပြုသူတိုင်း သိသင့်သိထိုက်သော Fundamental Security Concepts များအကြောင်း၊ နည်းပညာရပ်များကို အခြေခံသော မတူညီသော Cyber နှောင့်ယှက်မှုများ၊ ကာကွယ်ရေး စနစ်များအကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ သြဂုတ်လ (၇)ရက် (စနေနေ့) နေ့လည် (၂း၀၀) နာရီ မှ (၅း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅) တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း မှ အလုပ်အမှုဆောင်များဖြစ်သည့် ဦးဇော်ဝင်းထွန်း၊ ဦးအောင်ဇော်မြင့် နှင့် ဦးရဲကျော်သိန်း တို့မှ “Information Security” ခေါင်းစဉ်ဖြင့် အချက်အလက် နှင့် ကွန်ယက်လုံခြုံရေးလုပ်ဆောင်နေရသော Network Admin များ၊ Network နှင့် Information Security ကိုစိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်- ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်းသတင်းရရှိခဲ့ပါသည်။ |
| Last Updated on Monday, 09 August 2010 13:06 |














