| အိုင်စီတီအခြေခံစာမေးပွဲ |
|
|
|
| Written by Administrator |
| Wednesday, 28 July 2010 09:18 |
|
Strata ဟုအမည်ရသော အိုင်စီတီအခြေခံစာမေးပွဲများအား စစ်ဆေး၍နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း Myanmar Inspirations မှပြောကြားသည်။ အိုင်တီနည်းပညာဖြင့်အသက်မွေးဝမ်းကြောင်း ပြုလိုသူများ၊ နည်းပညာဆက်စပ် ပစ္စည်းများရောင်းဝယ်ခြင်းလုပ်ငန်းများတွင်လုပ်ကိုင်သော အရောင်းပိုင်းဆိုင်ရာဝန်ထမ်းများ၊ A+ စာမေးပွဲနှင့်အခြားသော အိုင်တီပရော်ဖက်ရှင်နယ်စာမေးပွဲများ ဖြေဆိုရန်ပြင်ဆင်နေသူများ၊ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိပြီး လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသူများ ဖြေဆိုသင့်သည့် စာမေးပွဲဖြစ်သည်ဟု သိရသည်။ CompTIA မှပေးအပ်သော Associate Level လက်မှတ်ရရှိမည်ဖြစ်သည်။ ၇၅ မိနစ်စာမေးပွဲများဖြစ်ပြီး မေးခွန်း (၇၀) ပါဝင်ကာအောင်မှတ် ၇၀% ဖြစ်သည်။ စာမေးပွဲကြေး USD 99 ဖြစ်သည်။ " အရည်အချင်းကန့်သတ်ချက်မရှိပါဘူး။ မည်သူမဆို ၀င်ရောက်ဖြေဆို နိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် သမားတွေဖြေစရာမလိုဘူးလို့ယေဘူယျပြောလို့ရပေမယ့် နိုင်ငံခြားမှာအလုပ်ရှာတဲ့အခါ ကွန်ပျူတာ အရောင်းဆိုင်တွေ၊ အိုင်တီကုမ္ပဏီကြီးတွေရဲ့အရောင်းဌာနတွေ၊ စီးပွားရေးကုမ္ပဏီကြီးတွေမှာ အိုင်တီမန်နေဂျာလို အလုပ်မျိုးရဖို့အထောက်အကူပေးနိုင်ပါတယ်။ ဇူလိုင်လ မကုန်ခင်နောက်ထပ် Strata စာမေးပွဲတွေထပ်ထွက်လာဖို့ ရှိသေးတယ်။ ပရော်ဖက်ရှင်နယ်နဲ့ဝါသနာရှင်အဆင့်ကို ပေါင်းကူးပေးနိုင်မယ့် စာမေးပွဲတွေ ဖြစ်တဲ့အတွက် ကွန်ပျူတာလောကသားတွေ အကျိုးရှိမှာသေချာပါတယ်။" ဟု Myanmar Inspirations မှ ဦးလှမျိုးထွန်းကပြောကြားခဲ့ ကြောင်းသတင်းရရှိခဲ့ပါသည်။
|
| Last Updated on Wednesday, 28 July 2010 09:52 |















