| CCA သို့မဟုတ် CISCO ၏ အဆင့်အမြင့်ဆုံးစာမေးပွဲ |
|
|
|
| Written by Administrator |
| Tuesday, 27 July 2010 09:45 |
|
လိုက်သည့်အတွက် CCIE သမားများအတွက်စိန်ခေါ်မှုအသစ်တစ်ရပ်စတင်လိုက်သည်။ CCA စာမေးပွဲဖြေဆိုရန် Cisco သို့တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပြီး အနိမ့်ဆုံးအရည်အချင်းအဖြစ် သက်တမ်းမကုန်ဆုံးသေးသော CCDE အောင်လက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည်။ အတည်ပြုချက် ပေးမည်ဖြစ်သည်။ ၂၀၁၀ ခုနှစ်အတွက် ဘုတ်ထိုင်မည့်အချိန်မှာ စက်တင်ဘာ (၁) ရက်နေ့ဖြစ်သည်။ ဖြစ်ဖို့အဆင့် ၂ ဆင့်ကိုဖြတ်ကျော်ရမှာဖြစ်ပါတယ်။ ပထမအဆင့်မှာ လျှောက်လွှာ တင်ခြင်းနှင့် ဘုတ်အဖွဲ့မှစီစစ် အတည်ပြုခြင်းဖြစ်ပြီး အတည်ပြုပြီးသူကိုသာ CCA အတွက် လျှောက်လွှာ ပုံစံနှင့် လိုအပ်တာတွေကို ထုတ်ပေးမှာပါ။ Candidates အတွက် (၂) ပတ်အတွင်း ပြီးပြည့်စုံ အောင်ဖြည့်စွက်ဖြေဆိုရမှာပါ။ Cisco က Judge လူကြီးတွေပြန်လှန် စစ်ဆေးပြီး (၃) ပတ်အကြာမှာ တယ်လီဖုန်းနဲ့ အင်တာဗျူးလုပ်ပါလိမ့်မယ်။ အဲဒီ့အဆင့်ကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ ဒုတိယပိုင်းဖြစ်တဲ့ Board Exam ကို ရင်ဆိုင်ရမှာပါ။ မှတ်ပုံတင်ဖို့အချိန် (၇) ရက်ပေးပြီး အကြိုစာမေးပွဲ ပစ္စည်းတွေထုတ် ပေးပါတယ်။ (၃) ပတ်ကြာစိတ်ကြိုက် ပြင်ဆင်ဖြေဆိုပြီးပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။ Judge တွေကစစ်ဆေးပြီး အမှတ်အသီးသီး ပေးကြပါတယ်။ နောက်ဆုံးမှဘုတ်ထိုင်ပြီး အအောင်၊ အရှုံးဆုံးဖြတ်ကာ Candidate ကိုအသိပေးအကြောင်း ကြားပါတယ်။ CCA စာမေးပွဲအစ၊ အဆုံး (၅) လကြာမြင့်မှာဖြစ်ပြီး စာမေးပွဲကြေးအနေနဲ့ကတော့ ဒေါ်လာ တစ်သောင်းခွဲ ဖြစ်ပါတယ်။ " မြန်မာကျွန်ပျူတာ ပညာရှင်တွေ CCA ဖြေနိုင်ဖို့အတွက် Myanmar Inspirations က အကူအညီပေးသွား မယ်လို့လည်း ၎င်းမှထပ်မံပြောကြားသွားပါတယ် လို့သတင်းရရှိခဲ့ပါတယ်။
|
| Last Updated on Friday, 20 August 2010 12:16 |

















