MAGWAY FC ( MGY ) Virusရှင်းလင်းပုံနှင့်ကာကွယ်ရန် PDF Print E-mail
Written by Administrator   
Wednesday, 14 July 2010 14:03

MAGWAY FC ( MGY ) Virus အန္တရာယ်အကြောင်း၊ ရှင်းလင်းပုံနှင့် ကာကွယ်ရန်

Magway FC ( MGY ) Virus သည် July ၁ရက်နေ့ခန့်မှ စပြီး ယခင် ပျံနှံ့ဖျက်ဆီးပုံထက် ပိုမိုဆိုးရွားစွာ

ပျံနှံဖျက်ဆီးလျက်ရှိကြောင်းတွေ့ရှိရပါသည်။

ယခင်က MGY ၀င်သောစက်များတွင် စက်တွင်း ၀င်ရောက်နေသော virus file များဖြစ်သည့်

System32\{271287-000021-100287-705016} Folder အတွင်းမှ mgy.exe, smss.exe,

csrss.exe, lsass.exe, icserv.exe တို့အနက်မှ mgy.exe, smss.exe, csrss.exe

file များသာ Process အနေဖြင့် အလုပ်လုပ်ပြီး ထင်ရှားသည့် effect အနေဖြင့်လည်း

Magwy FC logo  မှာ taskbar ညာဘက်ထောင့်နားတွင် တစ်ခါတစ်ရံမှသာ ပေါ်လာသော်လည်း၊

July လဆန်းလောက်မှစ၍ (virus အား timer ဖြင့် ပြုလုပ်ထားမည်ဟုယူဆပါသည်)

နောက်ပိုင်းတွင် ကျန်ရှိနေသော lsass.exe, icserv.exe file များလည်း

အလုပ်လုပ်လာပြီး ဆိုးကျိုးနှင့် effect များ အလွန်အန္တရာယ် ရှိကြောင်း

လေ့လာတွေ့ရှိရပါသည်။

*Magway FC Virus ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးနှင့် Virus effect များမှာ*

- Task manager, command, search, registry, folder option များ ပိတ်သွားခြင်း

- Start Menu သည် MaGway FC ဟု ပြောင်းသွားခြင်း

- Desktop ညာဘက် အောက်ထောင့် Taskbar အပေါ်နားတွင် Magway FC Logo တစ်ခု မကြာခဏ

တက်လာပြီး Notify wave (တီမ်တန်) ဟု အသံကြားရခြင်း

- Desktop ပေါ်ရှိ Shortcut နှင့် File ပျောက်သွားခြင်း၊

- MyComputer, MyDocument များအပါအ၀င် File Icon များ ဘောလုံးပုံစံပါ Logo

များအဖြစ်ပြောင်းသွားခြင်း

- HardDisk Partation များတွင် Folder များသာကျန်ရှိပြီး အတွင်းမှ file များ

ပျောက်သွားခြင်း

- HardDisk Partation တိုင်းတွင် 15MB (16033KB) Virus File များကို Diskspace

မကျန်အောင် ပွားများစေခြင်း

- နောက်ဆုံးတွင် အဆုံးရွားဆုံးအနေဖြင့် Data များ သိမ်းဆည်းထားသော HardDisk

Partation (e.g. D:, E:) များအတွင်းရှိ User Data File များသည် (16033KB) အရွယ်

File size ပြောင်းလဲသွားပြီး၊ ၎င်း file name များဖြင့်  .exe extenstion များ

ဖြင့် အဆင့်ဆင့်ပွားများသွားခြင်း (e.g. file name = photo.jpg ဆိုလျှင်

photo.jpg.exe, photo.jpg.exe.exe, photo.jpg.exe.exe.exe,

photo.jpg.exe.exe.exe.exe စသည်ဖြင့် ) Harddisk နေရာအလွတ် Diskspace ရှိသလောက်

ပွားများပြီး၊ သိမ်းထားသော Data အားလုံးပျက်စီးစေနိုင်ပါတယ်။

Magway FC Virus (mgy) Virus ၀င်ရောက်ခြင်းခံရပါက ပြုလုပ်ရန်

- Magway FC Virus သည် Desktop ညာဘက် အောက်ထောင့် Taskbar အပေါ်နားတွင် Magway

FC Logo တစ်ခု မကြာခဏ တက်လာပြီး Notify wave (တီမ်တန်) ဟု အသံကို

ကြားနေရချိန်တွင် အထက်ဖော်ပြပါဆိုးကျိုးနှင့် Virus Effect များပြုလုပ်ခြင်း၊

File များကို ဖျက်စီးခြင်းတို့ကို တစ်ဆင့်ခြင်းပြုလုပ်ပါသည်၊ Virus

ဝင်ရောက်ခြင်းခံရသည်နှင့် ချက်ခြင်းဖြစ်ပေါ်ပျက်စီးခြင်း ဖြစ်သည်မဟုတ်ပါ။

သို့ပါသော်ကြောင့် Virus ၀င်ရောက်ပါက အချိန်မဆွဲပဲ အမြန်ဆုံးရှင်းလင်းခြင်း၊

ကိုယ်တိုင် မပြုလုပ်တက်ပါက Technician များ နှင့် ပြသခြင်းတို့ကို

ပြုလုပ်သင့်ပါသည်။ virus ရှင်းလင်းခြင်းမပြုလုပ်ရသေးခင် ၀င်ရောက်ခံရသော

ကွန်ပျူတာကို ဖွင့်မထားသင့်ပါ၊ ကွန်ပျူတာဖွင့်ထားသည့် အချိန်ကြာလာသည်နှင့်အမျှ

system နှင့် File များ ပျက်စီးမှုပိုများနိုင်တယ်။ လက်ရှိအနေဖြင့် virus နှင့်

virus effect များကိုရှင်းလင်းနိုင်သော်လည်း ပျက်စီးသွားသော file များ

ပြန်လည်ရယူရန် မလွယ်ကူပါ။ ထို့ကြောင့်အထူးဂရုပြုသင့်ပါတယ်

- Magway FC Virus ကိုရှင်းလင်းရန်အတွက် Magway FC Virus Cleaner နှင့်

အသုံးပြုရှင်းလင်းပုံကို

OK Computer Virus Cleaner CD ရဲ့ http://okviruscleaner.ning.com တွင်

အခမဲ့ download ရယူ၍  သာမန် user များကိုယ်တိုင် အလွယ်တကူ

ရှင်းလင်းနိုင်ပါတယ်။

ကာကွယ်ရန်

Magway FC (mgy) Virus ကို ကာကွယ်နိုင်ရန် USB Disk Security Version

5.3 ကို မိမိ Computer တွင် သွင်းထားခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

Last Updated on Thursday, 15 July 2010 09:42
 

Partner Link

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday153
mod_vvisit_counterYesterday2351
mod_vvisit_counterThis week2504
mod_vvisit_counterLast week15055
mod_vvisit_counterThis month11710
mod_vvisit_counterLast month69370
mod_vvisit_counterAll days1229080

We have: 4 guests, 18 bots online
Your IP: 38.107.191.102
 , 
Today: Sep 06, 2010

Who's Online

We have 78 guests online