| ဆရာဦးသိန်းထွန်းဖေနှင့်တွေ့ဆုံခြင်း |
|
|
|
| Media - Computer | |||
| Monday, 21 June 2010 15:59 | |||
|
ဖြေ - ဆရာရဲ့နာမည်က ဦးသိန်းထွန်းဖေဖြစ်ပါတယ်။ CM Co.,Ltd က အုပ်ချုပ်မှုဒါရိုက်တာပါ။
မေး - ဆရာ့ရဲ့ Profile - အသက် (DOB) ၊ မိဘအမည်နဲ့ ဇာတိကို ပြောပြပေးပါအုံးခင်ဗျာ။ ဖြေ - ဆရာ့ရဲ့အသက်က (၅၀) ပါ။ အဖေက ဦးထွန်းဖေ ၊ အမေက ဒေါ်ယဉ်ယဉ် ဖြစ်ပါတယ်။ ဇာတိကတော့ မန္တလေးကပါ။
မေး - ဒီလောထဲကို ရောက်ရှိလာပုံနှင့် အချိန်ကလကိုလည်းသိပါရစေ။ ဖြေ - ဆရာဒီလောကထဲကိုရောက်ရှိလာပုံကတော့ ၁၉၉၃ ခုနှစ်မှစတင်ပြီး Singapore နိုင်ငံမှ Fuji Tech ကွန်ပျူတာများမြန်မာပြည်တွင် ကိုယ်စားလှယ်ယူရောင်းချခြင်းဖြင့် ICT လောကထဲကိုရောက်ရှိလာခဲ့တာပါ။
မေး - ဘာဖြစ်လို့များဒီလောကထဲကို ၀င်ရောက်လာတာလဲခင်ဗျာ။ ဖြေ - ဘာဖြစ်လို့လဲဆိုတော့က မိမိဘ၀အသက်မွေးဝမ်းကြောင်းတစ်ခုကိုရွေးချယ်ရာတွင် ICT လုပ်ငန်းသည် မိမိအတွက် အသင့်တော်ဆုံးလို့ ယုံကြည်လို့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
မေး - ဒီလောကထဲမှာအမြဲရပ်တည်သွားမှာလားခင်ဗျာ။ ဖြေ - သေချာပေါက်ရပ်တည်သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်သည် ICT နဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်ကိုင်နေကြပြီး မိမိမြတ်နိုးသော အလုပ်ဖြစ်၍ဖြစ်ပါတယ်။
မေး - အခုလို ဘ၀ထိရောက်အောင်ကြိုးစားဖြတ်သန်းခဲ့ရပုံလေးကိုပြောပေးပါအုံးခင်ဗျာ။ ဖြေ - ၁၉၉၄ ခုနှစ်မှာ မြန်မာပြည်တွင်ဖွံ့ဖြိုးတိုးတက်လာသော ဈေးကွက်စီးပွားရေးနှင့် အတူ ကုမ္ပဏီ ထူထောင်လုပ်ကိုင်ခဲ့ပြီး Cytron ကွန်ပျူတာနှင့်ဆက်ဆပ်ပစ္စည်းများကို ၂၀၀၂ ခုနှစ်အထိ Myanmar Compu Mart အနေဖြင့် The First Myanmar Online Shop အထိရပ်တည်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် နောက်ပိုင်းမှစ၍ Cytron Computing and Mutimedia Software Development ကိုစတင်လုပ်ကိုင် ခဲ့ရာ၂၀၀၃ ခုနှစ်တွင် Myanmar Inf0-Tech သို့ရုံးခန်းပြောင်းရွေ့ဖွင့်လှစ်ခဲ့ပြီး Multimedia CD ROM များ၊ Website portal များ၊ Online Application Software များ၊ Data Entry and Data Analysis Outsourcing လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါတယ်။ ICT INDUSTRY ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြန်နိုင်ငံကွန်ပျူတာ အသင်းများပေါ်ပေါက်လာချိန်မှစတင်၍ MCIA တွင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူး၊ ဒုဥက္ကဌတာဝန်များကို (၁၉၉၈ မှ ၂၀၁၀) အထိ လည်းကောင်း ပါဝင်ထမ်းဆောင်ခဲ့ပါတယ်။ Life Long Learning & Working ခေတ်ဖြစ်သည့်အတွက် နည်းပညာရပ်များဆက်လက်ဆည်းပူးသင်ယူခဲ့ရာ (၂၀၀၇) တွင် YIE မှ MPA ဘွဲ့ရရှိခဲ့ပြီး ဆက်လက်၍လည်း တိုးတက်တက်လာသော နည်းပညာရပ်များကို Online ဖြင့် ဆည်းပူးသင်ယူလျက်ရှိပါတယ်။
မေး - ဆရာ့ရဲ့ငယ်ဘ၀ကိုလည်းပြောပေးပါအုံးခင်ဗျာ။ ဖြေ - မန္တလေးမြို့၊ (အ.ထ.က ၁၄) နှင့် (အ.ထ.က ၉) တို့တွင် အထက်တန်းအထိပညာ သင်ကြား၍ မန္တလေးတက္ကသိုလ်မှ ၁၉၈၄ တွင် B.Sc (Physics) ဘွဲ့ရရှိခဲ့ပါတယ်။ ငယ်စဉ်က မိဘအမွေလျှပ်စစ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွင် ဈေးကွက်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာချိန်တွင် နိုင်ငံသားပိုင်ကုမ္ပဏီထူထောင်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။
မေး - ဆရာ့ရဲ့လက်ရှိမိသားစုအကြောင်းလေးလည်းပြောပေးပါအုံး။ ဖြေ - ဆရာ့မှာ ဆရာ့အမေ၊ ညီမငယ်နှစ်ဦးနှင့် ညီတစ်ဦးရှိပါတယ်။ သူတို့ကတော့ ပြည်ပနိုင်ငံအသီးသီးမှာ အဆင့်မြင့်ပညာဆည်းပူးနေပြီးတော့ နိုင်ငံတကာ ICT စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပါတယ်။ လက်ရှိအခြေအနေတွင်ဆရာက မိခင်နဲ့အတူ မြန်မာနိုင်ငံမှာပဲနေထိုင်ပါတယ်။
မေး - လက်ရှိမြန်မာပြည်ရဲ့ ICT လောကအခြေအနေ ကိုလည်းပြောပေးပါအုံး။ ဖြေ - ယခင် ၁၅ နှစ်ကျော် ICT လောကအတွေ့အကြုံအရ ယခင်ထက်အတိုင်းအတာတစ်ခုကိုကျော်လွန်၍ တိုးတက်ပြောင်းလဲခဲ့ပါတယ်။
မေး - နောင်ကိုဖြစ်ပေါ်လာမယ့် ICT လောကအခြေအနေကိုလည်းပြောပေးပါခင်ဗျာ။ ဖြေ - ဆက်လက်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာမှာ ဧကန်မလွဲဖြစ်ပါတယ်။
ဖြေ - လက်ရှိ ICT ဈေးကွက်သည် မိမိကြိုက်နှစ်သက်ရာ brand name, မိမိကြိုက်နှစ်သက်ရာ ပစ္စည်းအမျိုးအစားကို မိမိတို့နှင့် အဆင်ပြေဆုံး၊ အနီးစပ်ဆုံး၊ ဆိုင်များမှ ၀ယ်ယူနိုင်သည့် အခြေအနေ ရောက်ရှိနေပါတယ်။ မကြာခင်မှာ Online မှဝယ်ယူနိုင်တဲ့အခြေအနေရောက်ရန် မဝေးတော့ပါဘူး။
ဖြေ - လူငယ်တွေရဲ့ Daily Life နှင့် အနာဂတ်ဘ၀မှာ ICT နည်းပညာသည် မရှိမဖြစ် ဆက်သွယ်ဝင်ရောက် လာမည်ဖြစ်ရာ မိမိတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးများတွင် ICT ကိုအကျိုးရှိစွာ အသုံးချ၍မိမိ ဘ၀တိုးတက်မြင့်မားအောင် ကြံဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။
|
|||
| Last Updated on Thursday, 12 August 2010 11:41 |














