ဆရာဦးနေထွန်းသိန်းနှင့်တွေ့ဆုံခြင်း PDF Print E-mail
User Rating: / 2
PoorBest 
Media - Computer
Tuesday, 08 June 2010 10:53

 

မေး-ဆရာ့ရဲ့အမည်နဲ့ရာထူးကို ပြောပြပေးပါ။

ဖြေ-ကျွန်တော်က နေထွန်းသိန်းပါ။ ကျွန်တော်တို့က သူငယ်ချင်းသုံးယောက်စုလုပ်တာပေါ့နော်။ လက်ရှိကျွန်တော်ဒီမှာ မန်နေဂျင်းဒါရိုက်တာ

MD ရာထူးယူထားပါတယ်။

 

 

မေး-ဆရာ့ရဲ့ဇာတိနဲ့ ဆရာ့ရဲ့အကြောင်းတွေပြောပြပေးပါအုံး။

ဖြေ-ဇာတိကတော့ ရန်ကုန်ပါပဲ။ မိဘတွေကတော့ ဦးတင်ထွန်း၊ ဒေါ်နီလာ အဖေကတော့ အမေ့ထက်အရင်ဆုံးတာပါ။

ညီမလေးတစ်ယောက်လည်းဆုံးသွားတယ်။ အခုလက်ရှိ အမေနဲ့နေတယ်။

 

 

မေး-ဆရာဒီလောကထဲရောက်ရှိခဲ့ပုံလေးနဲ့ ပညာရပ်တွေအကြောင်း ပြောပြပေးပါအုံး။

ဖြေ-အင်း....ဒီလောကထဲရောက်ရှိခဲ့တယ်ဆိုတာက အဓိကက ဘယ်ကစလဲဆိုတော့ ကိုယ်(၁၀)တန်းအောင်ပြီးတော့

ကျောင်းတွေပိတ်ထားတာပေါ့နော်။အရေးအခင်းဖြစ်ပြီးတော့ ပိတ်ထားတာ ပုံမှန်က ကိုယ်ကလည်းယောက်ျားလေး တစ်ယောက်

ဖြစ်တယ်ဆိုတော့ အရင်ကလည်း Electronic တွေဘာတွေစိတ်ဝင်စားတယ်။ ဒီ Engineering နဲ့ပတ်သက်တာတွေ စိတ်ဝင်စားတယ်။

အဖေကလည်း Engineer ကိုး။ RIT သွားဖို့ပေါ့လေ။ နောက်ပိုင်းမှာအဖေက Singapore က ပြန်လာပြီးတော့ Singapore မှာ

အလုပ်သွားလုပ်သေးတယ်။ ပြန်လာတော့ ကွန်ပျူတာတစ်လုံးပါလာတယ်။ အဲဒီတုန်းကတော့ XP ခေတ်ပေါ့ကွာ။ နောက် Recording

တစ်လုံးပါတယ်။ အဲဒီတုန်းကတော့ 80A ပေါ့။ မော်နီတာဆိုတာကလည်း Black and White အထဲမှာ Harddisk ဆိုတာလည်း ပါတာမဟုတ်ဘူး။

Floppy လေးတွေပဲ ပါလာတာ။

 

 

မေး-ဘယ်နှစ်ခုနှစ်လောက်ကလဲမသိဘူးဆရာ။

ဖြေ-၁၉၉၀လောက်ကပေါ့။

 

 

မေး-ဘာဖြစ်လို့ ဆရာဒီလောကထဲရောက်လဲခင်ဗျာ။

ဖြေ-အဲဒီမှာ ကွန်ပျူတာကို စတွေ့တော့ ကွန်ပျူတာကို ကြိုက်သွားတာပေါ့နော်။ အစကတော့ ကွန်ပျူတာကတော့ သုံးတာပေါ့နော်။

အဲနောက်ပိုင်းကွန်ပျူတာတွေကလည်း မြင့်လာတယ်။ နောက်သုံးရင်းသုံးရင်းနဲ့ ကိုယ်လိုချင်တာကို Program ရေးလို့ရမှန်းသိလာတယ်။

နောက်ပိုင်း Programရေးရင်းနဲ့ ကိုယ်တိုင်ရေးရတာကို သဘောကျသွားတယ်။  Calculator နဲ့စာရွက်တွေနဲ့လုပ်နေတဲ့ခေတ်ကနေ

ကွန်ပျူတာသုံးလိုက်လို့ရှိရင်ပိုမြန်တယ်ပေါ့နော်။ တော်တော့်ကို မြန်လာတယ်။  Program ရေးတာ စိတ်ပါပြီးတော့ လုပ်ဖြစ်တယ်။

အဲဒီအချိန်မှာပဲကွန်ပျူတာတက္ကသိုလ်ပေါ်လာပြီးတော့စတက်တာပါ။  University of Computer ကသင်္ချာဌာနအောက်ကပေါ့။

ရှိမှန်းတောင်မသိခဲ့ဘူး။ ကွန်ပျူတာလည်း စိတ်ဝင်စားတယ်ဆိုတော့ RIT မသွားဖြစ်တော့ဘဲနဲ့ ကွန်ပျူတာတက္ကသိုလ်တက်ဖြစ်တယ်။ အဲဒီကနေ

တက္ကသိုလ်တက်၊ ကွန်ပျူတာလုပ်၊ တောက်လျှောက်လည်း ကွန်ပျူတာလုပ်ဖြစ်တယ်ပေါ့နော်။ ကွန်ပျူတာကလည်း

ရှိနေတော့လုပ်ဖြစ်တဲ့သဘောပါ။ အဲဒီတုန်းကမြန်မာ့လေကြောင်းမှာ အဖေ့သူငယ်ချင်းက  GM ဖြစ်တော့ ကွန်ပျူတာတွေလက်ဆောင်ရတယ်။

နိုင်ငံခြားလေယာဉ်ကုမ္ပဏီတွေက လက်ဆောင်ပေးတာ မြန်မာ့လေကြောင်းမှာ ကွန်ပျူတာသုံးမယ်။ မင်းလည်း ၀ိုင်းကူးပေးပါဆိုတာနဲ့

ဝိုင်းပြီးတော့ ကူရင်းနဲ့ ခရီးဝေးတွေ Ticked Program တွေရေးပေးရင်းနဲ့ ကွန်ပျူတာကို တော်တော်လုပ်ဖြစ်သွားတယ်။ ကွန်ပျူတာတွေကတော့

တော်တော်မြင့်တာပေါ့။ ကိုယ့်မှာရှိတာကတော့ နိမ့်သွားတယ်။ အဖေ့သူငယ်ချင်းရဲ့သမီးရယ်၊ ကိုယ်ရယ် နောက်သူငယ်ချင်းတွေရယ်

ကွန်ပျူတာတက္ကသိုလ်အတူတူတက်ဖြစ်ခဲ့ကြတော့ ကိုယ်တိုင်လည်းကျောင်းတက် နောက်ဟိုလူ့Program ရေးပေး၊ ဒီလူ့ Program

တွေရေးပေးရင်းနဲ့ ကျောင်းပြီးခါနီးကျတော့ ငါဒီကွန်ပျူတာနဲ့ အသက်မွေးရင် ရလိမ့်မယ်။ ငါတော့ရအောင် လုပ်ကြည့်မယ်ဆိုပြီး အဲဒီမှာ

သူငယ်ချင်းတွေစုပြီးတော့လုပ်ဖြစ်သွားတာပါ။

 

 

မေး-သူငယ်ချင်းသုံးယောက်စုပြီးလုပ်ဖြစ်တာလား။

ဖြေ-အဲဒီတုန်းက သူငယ်ချင်းသုံးယောက်လုပ်ဖြစ်တာ မဟုတ်ဘူး။ ကိုယ်တို့အကြီးတန်းက သူငယ်ချင်းတွေ ပါတယ်။ နောက်ကိုယ်တို့အတန်းက

သူငယ်ချင်းတွေပါတယ်။ ကိုယ်တို့အောက်က အတန်းကလည်းပါတယ်။ တော်တော်များများပေါ့။ ကွန်ပျူတာပညာရှင်တွေ စုလုပ်ဖြစ်ကြတာပါ။

အဲဒီတုန်းကတော့ Training နဲ့ Hardware ပေါ့။ Software ရေးတာကတော့ ကြိုကြားကြိုကြားပဲရေးတယ်။ ကိုယ်ကတော့ Hardware တွေ၊

Training တွေ သိပ်မလုပ်ဘူး။ Hardware ကိုတော့ ၀ိုင်းကူပေးတယ်ပေါ့နော်။ Software ရေးတာပဲ အလုပ်များတယ်။ နောက်ကျ

လူတွေအများကြီးဆိုတော့ကျောင်းပြီးခါစစုလုပ်ကြတော့ လူတွေများတာပေါ့။ အလုပ်ကလည်း အောင်မြင်ပါတယ်။ ဒါပေမယ့်

အလုပ်တစ်ဖက်နဲ့ကျတော့ လူတွေလည်းကိုယ့်ဟာကိုယ်နိုင်ငံခြားသွားပြီး  ကိုယ့်လမ်းကြောင်းကိုယ် လျှောက်သွားကြတော့လည်း

အဲဒီကုမ္ပဏီမလုပ်ဖြစ်တော့ဘူး။ တစ်ချို့ Hardwareလုပ်မယ့်လူက( ကိုမင်းဆိုတာ Micro ပေါ့နော်) Hardware လမ်းကြောင်းသီးသန့်လုပ်ဖို့ဆိုပြီး

ခွဲထွက်သွားတယ်။ တစ်ချို့ကလည်း Software ချည်းပဲသီးသန့်လုပ်မယ်ဆိုပြီး  လုပ်ခဲ့တဲ့သူငယ်ချင်းတွေပါပဲ။ သုံးယောက်က Software

သီးသန့်လုပ်မယ်ဆိုပြီးဒါကိုစလုပ်ဖြစ်တာပါ။

 

 

မေး-ဆရာဘယ်နှစ်ခုနှစ်က ဆယ်တန်းအောင်ပါသလဲခင်ဗျာ။

ဖြေ-ကျွန်တော် ၁၉၈၀ မှာ ဆယ်တန်းစာမေးပွဲဖြေတာပေါ့နော်။ ၈၀ ဘက်ပဲဆိုပါတော့။

 

 

မေး-ဆရာအောင်ပြီးပြီးချင်းပဲ ကွန်ပျူတာလောကထဲ ရောက်သွားခဲ့တာလား။

ဖြေ-အင်း..အဲဒီလိုမျိုးမဟုတ်ဘူး။ ၉၀ လောက်မှ ကိုယ့်အဖေ Singapore က ပြန်လာမှ ကွန်ပျူတာပါလာတော့မှ စပြီးလုပ်ဖြစ်တာ

 

 

မေး-ဆရာဆယ်တန်းအောင်ပြီးတဲ့ကြား ဘယ်ကျောင်းတွေ တက်ဖြစ်ခဲ့သေးလဲခင်ဗျာ။

ဖြေ-ကိုယ်အဲဒီတုန်းက ကွန်ပျူတာစလုပ်တော့ ထုံးစံအတိုင်းပေါ့လေ။ ခရီးက သိပ်မရောက်ဘူးပေါ့လေ။ ပြီးတော့ စာရွက်စာတမ်းနဲ့ အဲတုန်းက

အင်တာနက်ကလည်းရှိတာမဟုတ်ဘူး။အဲဒီတုန်းကလည်း နိုင်ငံခြားနဲ့ တစ်ချိန်လုံးအဆက်အသွယ်ရှိတာမဟုတ်ဘူး။

အဲဒါနဲ့ကွန်ပျူတာသင်တန်းတွေလိုက်တက်မယ်ပေါ့လေ။ နောက်တက်ဖြစ်တော့လည်း အဲတုန်းက Singapore ကုန်တိုက်မှာဖွင့်တဲ့

ကွန်ပျူတာသင်တန်းမှာ တက်ဖြစ်တယ်။ အခုတော့မရှိတော့ပါဘူး။ အဲဒီအချိန်တုန်းက Singapore ကုန်တိုက်ဆိုတာ ရှိခဲ့ဖူးတယ်။

ပန်းဆိုးတန်းအပေါ်ဆုံးဘလောက်မှာ ရှိတာပါ။ အဲဒီမှာသင်တန်းတက်တယ်။ ခုနောက်ပိုင်း ကိုယ့်ဆရာ တစ်ချို့တွေလည်း မရှိတော့ဘူး။

တစ်ချို့ဆရာမတွေလည်း မေ့ကုန်ပြီ။ အဲဒီတုန်းက Word တို့၊  Excel တို့  ပဲပေါ့။ အဲဒီတုန်းက ထွန်းနိုင်လင်း (Master ပြီးထားတဲ့ အစ်ကို)၊

ထွန်းနိုင်ဝင်းဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိတယ်။ အဲမှာ ထွန်းနိုင်လင်းဆိုတာကကိုယ့်ဆရာပဲ။ သူက အဲဒီမှာ ဆရာလုပ်နေတာ။

 

 

မေး-ဆရာဘာဖြစ်လို့ ဒီလောကကို ၀င်လာခဲ့တာလဲ။

ဖြေ-အဲဒါက ကိုယ်ပြောခဲ့သလိုပေါ့ ကိုယ့်ကွန်ပျူတာတက်ဖြစ်ခဲ့တာက ကွန်ပျူတာကို တော်တော်လုပ်ဖြစ်ခဲ့လို့ပေါ့နော်။ ကိုယ် Engineering

ဆိုရင်စိတ်ကူးတစ်ခုကို အကောင်အထည်ပေါ်အောင် လုပ်ဖြစ်ဖို့ဆိုတာက အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။ နောက် Electronic တစ်ခုကို

Design လုပ်ချင်တယ်ဆိုရင်တောင်မှ ပစ္စည်းကိရိယာအခက်အခဲတွေ အများကြီးရှိတယ်။ ကွန်ပျူတာမှာကျတော့ ဘာမှမလိုဘူး။ Language

ဆိုတာကနားလည်တယ်ဆိုရင် ဆိုလိုချင်တာက ကွန်ပျူတာတစ်လုံးရှိတယ်။ ဘာသာစကားတစ်ခုကို နားလည်တယ်ဆိုရင် စိတ်ကူးတစ်ခုကို

အလုပ်လုပ်ဖြစ်တယ်။ စိတ်ကူးလိုက်လို့ဖြစ်လာအောင် လွယ်လွယ်လုပ်လို့ရတယ်။ အောင်မြင်တယ်ဆိုတာ ကိုယ့်လက်တစ်ကမ်းမှာပဲ

ရှိတယ်ပေါ့နော်။ မြန်မာနိုင်ငံအနေအထားနဲ့ ပြောရရင် ကွန်ပျူတာက အလွယ်လေးဖြစ်တာပဲဆိုပြီး အဲဒီမှာ ကွန်ပျူတာကို ကြိုက်သွားတယ်။

စိတ်ကူးလိုက်တိုင်း ကိုယ်စိတ်ကူးလိုက်တဲ့ဟာတစ်ခုကိုဖြစ်အောင်လုပ်လို့ရတယ်။ ဒါကွန်ပျူတာမှာကြောင့်မို့ရတာ။

 

 

မေး-ဆရာ ဒီလောကထဲရောက်ဖြစ်ခဲ့တာကရော။

ဖြေ-ဒီကွန်ပျူတာနဲ့ အသက်မွေးလို့ရအောင်လို့လည်း ဖြစ်ချင်တယ်။ ကိုယ်ကျွမ်းကျင်တာနဲ့ပဲ အသက်မွေးသွားချင်တယ်။ အဲဒီခံယူချက်နဲ့ပဲ

ဒီလောကထဲကိုရောက်လာခဲ့တာပါ။

 

 

မေး-ဆရာ ဒီလောကထဲမှာပဲ အမြဲရပ်တည်သွားမလားခင်ဗျာ။

ဖြေ-အဲဒီလို အစီအစဉ်ရှိပါတယ်။ နောက်ပြီးတော့ ကိုယ်ဆယ်တန်းအောင်ပြီးတော့ အဖေသူငယ်ချင်းတွေ နိုင်ငံခြားမှာ ရှိတယ်ပေါ့နော်။

သြစတြေးလျတို့၊ ကနေဒါတို့မှာ သူတို့က အဲဒီတုန်းကလာပေါ့နော်။ ကွန်ပျူတာလည်း စိတ်ဝင်စားတယ်ဆိုတော့ နိုင်ငံခြားထွက်ပေါ့။

အဲဒီခေတ်ကကျောင်းတွေအကြာကြီးပိတ်ထားတော့ သူငယ်ချင်းတွေ အကုန်လုံးကလည်း ထွက်သွားတဲ့လူတွေများတယ်။ အဲဒီအချိန်ကိုယ်က

ကွန်ပျူတာတွေစလုပ်နေပြီဆိုတော့ နိုင်ငံခြားလည်း သိပ်မသွားချင်ဘူး။ အစကတော့ သွားမလို့ပဲ။ နောက်တော့ အဖေ့သူငယ်ချင်းတွေ

ဘာတွေက ကျောင်းတွေဘာတွေအပ်ပေးပြီးပြီ။ အဲဒီအချိန်ကျမှ မသွားချင်တော့ဘူး။ ဘာဖြစ်လဲမပြောတတ်ဘူး။ နိုင်ငံခြားသွားပြီး

ဘာလုပ်မှာလဲ။ ဒီမှာလည်းကွန်ပျူတာတက္ကသိုလ်ရှိတာပဲ တက်လို့ရနေပြီပဲဆိုပြီးတော့ပေါ့နော်။ ငါတော့ မသွားတော့ဘူးဆိုပြီး အဲဒီတုန်းကစပြီး

ကိုယ်နိုင်ငံခြားမသွားခဲ့တာနောက်အလုပ်လုပ်တော့လည်း ဒီမှာပဲ ကိုယ့်နိုင်ငံမှာ ကိုယ်လုပ်လို့ရတယ်ပေါ့နော်။ ဒီမှာပဲလုပ်ဖြစ်သွားတာပေါ့။

နိုင်ငံခြားသွားလို့ရှိရင်လည်းနောက်ပိုင်းကျကိုယ်ပိုင်လုပ်ငန်း ကိုယ့်ခြေကိုယ့်လက်လုပ်ဖို့ကျခက်တယ်ပေါ့နော်။ ၀န်ထမ်းပဲလုပ်ရဖို့များတယ်။

နိုင်ငံခြားမှာဆိုတော့ ၀န်ထမ်းလုပ်လို့ရှိရင်ဝန်ထမ်းကို မကြိုက်တာလည်း မဟုတ်ဘူး။ ဆိုလိုချင်တာက ကိုယ်ကကိုယ်လုပ်ချင်တာကို

ငယ်ငယ်ထဲက ကိုယ်ပိုင်ပဲလုပ်ချင်တယ်ဆိုတော့ဝန်ထမ်းလုပ်နေရရင် ကိုယ်ဝင်တဲ့အလုပ်ကိစ္စပဲ လုပ်နေရမှာ ကျန်တဲ့ကိစ္စလုပ်ရတော့မှာ

မဟုတ်ဘူး။ အောက်ဆိုက်လုပ်ဖို့ဆိုတာကလည်း Hobbyသဘောမျိုးပဲ လုပ်လို့ရမယ်တကယ်တမ်း ကိုယ်လုပ်လိုက်တဲ့ Product တစ်ခုကို

လူတွေသုံးနေဖို့ဆိုတာက Setup တစ်ခုနဲ့မလုပ်ဘဲနဲ့ တစ်ကိုယ်တော်လုပ်လို့မရဘူးဆိုတော့ အဲ့ဒီကို မသွားဘူးလို့ဆုံးဖြတ်လိုက်တယ်။

သူငယ်ချင်းတစ်ယောက် အမေရိကားရောက်တော့ ဟေ့ကောင်လာကွာဆိုပြီး လှမ်းခေါ်တော့ အဲဒီတော့ အေး မင်း အဲဒီမှာ

ကုမ္ပဏီလုပ်ငန်းထောင်လို့ရမယ့်အခြေအနေရှိရင်လာခဲ့မယ်။ အဲဒါသူငယ်ချင်းက ဟာ အဲဒါတော့ မင်းမလွယ်ဘူးကွာ။ Native Book ယူရအုံးမှာ။

ဟာ..အဲဒါဆို မလာတော့ဘူး၊ မလာတော့ဘူးဆိုပြီးပြောလိုက်တယ်(ရယ်လျက်)

 

 

မေး-ဆရာမိသားစုဝင်အကြောင်း ပြောပြပေးပါဦး။

ဖြေ ...ကိုယ့်အမျိုးသမီးကတော့ ဆရာဝန်ပေါ့နော်။ ဘွဲ့ရပြီးတော့ အစိုးရအလုပ်ဝင်လုပ်တယ်။ အခုတော့

NGO မှာလုပ်တယ်။ ကိုယ့်မှာသားတစ်ယောက်ရှိတယ်။ သားက အခု (၃) နှစ် (၈) လလောက်တော့ ရှိပြီ။

 

 

မေး-အခုလက်ရှိမြန်မာနိုင်ငံရဲ့ ICT ဈေးကွက်အခြေအနေပေါ် ဆရာ့ရဲ့အမြင်လေးတွေကို ပြောပြပေးပါဦး။

ဖြေ-ICT ဈေးကွက်အခြေအနေ လောလောဆယ်ပေါ့နော်။ ကိုယ်တို့ကတော့ Software သမားပေါ့နော်။ ငါ့ညီမေးတာ ICT ဆိုတော့ Hardware

ရော၊ Software ရော အကုန်ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ်မလုပ်တဲ့ဟာတော့ မပြောတတ်ဘူး။ ငါ့ညီတို့မြင်တာနဲ့

သိပ်ပြီးတော့မထူးခြားဘူးပေါ့နော်။ အဲဒါကတော့ သိပ်မပြောလိုတော့ဘူး။ အစ်ကိုတို့ Software ကတော့ ဘယ်လိုပြောရမလဲ။ ကိုယ်က

တစ်ကယ်တမ်းက Basic to Basic Service တွေပေးတယ်။ Product တွေရောင်းတဲ့ လုပ်ငန်းပေါ့နော်။ ဒီသာမန်စားသုံးသူ ပြည်သူလူထုဆီ

တိုက်ရိုက်သွားတဲ့လုပ်ငန်းမျိုးမဟုတ်ဘူး။ ကိုယ်က ဒီစီးပွားရေးလုပ်ငန်းတွေကို Software တွေရေးပေးတယ်၊

ရေးပေးပြီးသားတွေရောင်းတယ်ဆိုတော့ဒီစီးပွားရေးလုပ်ငန်းတွေ အခြေအနေကောင်းနေတယ်ဆိုရင်နဲ့ပဲ နံပတ်(၁)ကိုယ်ကတော့

ကောင်းနေဆဲပဲ။ စီးပွားရေးလုပ်ငန်းတွေကနည်းနည်းတန့်နေတယ်ဆိုရင် ကိုယ်တို့လည်း အခြေအနေမကောင်းဘူး။ နောက်တစ်ခုက

ကိုယ်တို့က များသောအားဖြင့် လုပ်ငန်းအကြီးကြီးတွေထက် Small and Middle လုပ်ငန်းတွေများတယ်။ အဓိက ကိုယ့် Customer ဆိုတော့ အခု

ဒီနှစ်ပိုင်းတွေမှာလည်း စီးပွားရေးတွေကငါ့ညီသိတဲ့အတိုင်းပဲ။ တစ်ကမ္ဘာလုံးစီးပွားပျက်တာရော၊ ဘာရော ပြီးတော့နော် အကုန်လုံး

စီးပွားရေးတွေအားလုံးက နည်းနည်းလေးနေတယ်။သူတို့လေးရင် ကိုယ်တို့ဘာလုပ်လို့ရမလဲ ဘာမှလုပ်လို့မရဘူး။ ဒါပေမယ့် ရပ်ရလောက်တဲ့

အခြေအနေတော့ မဖြစ်သေးဘူးပေါ့နော်။ နောက်တစ်ခုကလဲ တစ်ခါတစ်လေ ဘာဖြစ်လဲဆိုတော့ လုပ်ငန်းတွေအလုပ်လုပ်လို့

မကောင်းတော့ဘူးဆိုရင် ကိုယ့်လုပ်ငန်းကို နည်းနည်းလေးစနစ်ကျအောင်ပြန်လုပ်ချင်တဲ့ဆန္ဒရှိတဲ့လူတွေရှိတယ် ဆိုကြပါတော့။

အခုမင်္ဂလာဈေးကြီးမီးလောင်သွားတယ်။ အဲဒီဆိုင်တွေထဲက တစ်ချို့ပေါ့။ မီးလောင်သွားတယ်။ လောလောဆယ်ဘာမှလုပ်လို့မရဘူး။

ထိုင်နေမယ့်အတူတူ ငါ့လုပ်ငန်းလေးစနစ်ကျအောင် ပြန်လုပ်မယ်။ အရင်တုန်းက ဘယ်လောက်ပဲစနစ်ကျအောင်လုပ်ချင်ချင် ဈေးရောင်းရတာနဲ့

ရှုပ်နေတာ အခုကျတော့ ဈေးမရောင်းရဘူးဆိုတော့ ထိုင်နေမယ့်အတူတူ စနစ်တကျလုပ်အောင်ဆိုပြီးတော့ ကိုယ့်ဆီက Software တွေ

လာဝယ်တဲ့သူရှိတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းတွေက မကောင်းဘူးဆိုပေမယ့် အဲဒီမကောင်းတဲ့အချိန်မှာ လုပ်ငန်းတွေစနစ်ကျအောင်

လုပ်ကြရအောင်ဆိုတဲ့ လုပ်ငန်းရှင်တွေကလည်း ရှိနေသေးတဲ့အခါကျတော့ လောလောဆယ်အလုပ်တော့ရပ်တည်နိုင်သေးတယ်ပေါ့နော်။

အဲလိုတော့ရှိတယ်။

 

 

မေး-နောင်ဖြစ်ပေါ်လာမယ့် ICT ဈေးကွက်အခြေအနေကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ-အဲဒါကလည်း ခုနတုန်းက ပြောသလိုပဲ တိုင်းပြည်စီးပွားတွေ လုပ်ငန်းတွေရဲ့ စီးပွားရေးအခြေအနေတွေနဲ့ ဆိုင်တယ်ပေါ့နော်။

ကိုယ်မြင်သလောက်ပြောရရင် နံပါတ်(၁)ရွေးကောက်ပွဲပြီးသွားရင် လူတိုင်းလိုလို စီးပွားရေးသမားတိုင်းလိုလိုပါပဲ။

ဒီထက်ပိုပြီးကောင်းလာဖို့မျှော်လင့်တယ်။ နံပါတ်(၂)အခုလို လမ်းစတွေတွေ့နေရတာက ဘဏ်တွေဖွင့်မယ်။ လူတွေက

စီးပွားရေးမလုပ်နိုင်ဘူးဆိုရင်နည်းနည်းကျပ်လာရော ကြာရင် ကိုယ်ဝန်နဲ့ကိုယ်က ဒီလည်နိုင်တဲ့ အင်အားက သိပ်မရှိတော့ဘူး။

အလုပ်တွေမကောင်းတော့ အကြွေးတွေဖြစ်လာတယ်။ အကြွေးဖြစ်လာတော့ ကိုယ့်ဝန်က တဖြည်းဖြည်းနဲ့ ကုန်သွားရော။ မလည်နိုင်တော့ဘူး။

အဲဒီအချိန်မှာ ဘဏ်တွေပေါ်လာပြီး ဘဏ်တွေက ချေးပေးနိုင်တယ်ဆိုရင် ပြန်လည်လာနိုင်တဲ့ သဘောရှိတယ်ပေါ့နော်။ အဲဒါဆို လုပ်ငန်းတွေက

ပြန်ပြီးတော့ အခြေအနေကောင်းလာနိုင်တယ်။ ဟိုတုန်းကအာရှဓနဘဏ်တို့ခေတ်ကောင်းစဉ်ကလည်း ဘဏ်ကငွေချေးပေးနိုင်ရင်

ပြန်ကောင်းလာနိုင်တယ်။ ခုဘဏ်တွေက (၄)ဘဏ်တောင်ထပ်ဖွင့်မယ်ကြားတယ်။ ခုလုပ်နေတယ်။ ဒီဘဏ်တွေဖွင့်လာရင်တော့

ငွေကပြန်ပြီးဝင်မယ်ဆိုလို့ရှိရင်တော့ စီးပွားရေးတွေပြန်တက်လာတယ်။ အဲကျရင်လည်း ပြန်ကောင်းသွားမယ်။ Organization တွေလည်း

လုပ်နေတယ်ဆိုတော့ ဒါတွေက စီးပွားရေးလည်း ပြန်တက်လာဦးမှာပေါ့။ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ပေါ်လာမယ်ပေါ့နော်။ ပေါ်လာရင်

စီးပွားရေး ပြန်တက်လာမယ် ကောင်းလာမှာပေါ့။ ဒီလိုပဲ မျှော်လင့်ရတယ်။ ကိုယ်တို့လည်း ဒီလိုပဲ မျှော်လင့်ရင်း လုပ်နေကြရတယ်။

 

မေး-ဆရာလူငယ်တွေကို ဘာများပြောအုံးမလဲမသိဘူး။

ဖြေ-ဘာပြောချင်လဲဆိုတော့ အဓိကကတော့ လူငယ်တွေက များသောအားဖြင့် ကိုယ်လည်းကြုံခဲ့ပါတယ်။ ကိုယ်လည်းအစတုန်းကတော့

ကံကောင်းပါတယ်။ ကိုယ့်မိဘကျေးဇူးရော၊ ဆရာသမားတွေ ကျေးဇူးကြောင့်ရောပေါ့။ ဘယ်လမ်းကို လျှောက်ရမယ်ဆိုတာ

စောစောစီးစီးသိခဲ့ရတယ်။ များသောအားဖြင့် လူငယ်တွေဖြစ်တတ်တာက အဓိကက သူတို့ (၁၀)တန်းအောင်ပြီးပြီဆိုတဲ့အချိန်မှာ

ဒါမှမဟုတ်လည်း နောက်တစ်ဆင့်တက္ကသိုလ် ဘွဲ့ရပြီးပြီဆိုတဲ့အချိန်မှာ ဘာလုပ်ကြမှန်းမသိဘူးဖြစ်နေတတ်ကြတယ်။ တစ်ချို့ကလည်း

ကွန်ပျူတာဆိုရင်အလုပ်တွေပေါတယ်။ သင်ကြားလို့ကလည်း လခကောင်းတယ်။ ဂုဏ်ရှိတယ်ဆိုပြီး၊ ဆရာဝန်ဆိုလည်း ဆရာဝန်၊

အင်ဂျင်နီယာဆိုလည်းအင်ဂျင်နီယာပေါ့။ ဒါကတော့ ခေတ်တိုင်းလိုလိုပေါ့။ ပေါ်ပင်ဆိုတာကတော့ ရှိနေတာပဲလေ။ ဒါပေမယ့် ပေါ်ပင်မို့လို့

မလုပ်ရဘူးလည်း မပြောပါဘူး။ လုပ်လို့ရတယ်။ ဒါပေမယ့် ကိုယ်လုပ်ပြီဆိုတဲ့အလုပ်က ကိုယ်တကယ်တစ်သက်လုံး လုပ်ချင်တဲ့အလုပ်မျိုး၊

စိတ်ပါတဲ့အလုပ်မျိုးဖြစ်ရင်တော့ပိုကောင်းတယ်။ အဲလိုအလုပ်မျိုးဟုတ်မဟုတ် ကိုယ့်ဟာနဲ့ကိုယ် သတိထားရွေးသင့်တယ်။ ရွေးပြီးရင်လည်း

တောက်လျှောက်လုပ်ပေါ့နော်။ဘာလို့ဆိုတော့ ဘယ်အလုပ်မဆို ဘယ်လမ်းကြောင်းပဲ ရွေးရွေး၊ ဘယ်အလုပ်ပဲလုပ်လုပ် ၀ါသနာပါပါ၊

မပါပါအခက်အခဲဆိုတာရှိတယ်လေ။ အခက်အခဲဆိုတာ ကြီးကြီးမားမားကို တွေ့ရမှာပဲ။ ကိုယ်တို့လည်း ရှိခဲ့၊ တွေ့ခဲ့တာပဲလေ။ ဒီလုပ်ငန်းစတော့

တကယ်ဆိုကိုယ့်ဒီကုမ္ပဏီအနေနဲ့ စလုပ်တာ စုစုပေါင်းဆို(၁၅)နှစ်၊ (၁၆)နှစ်လောက်ရှိပြီ။ ဒါမတိုင်ခင်ကလည်း ကိုယ့်ဟာကိုယ် ကိုယ်ပိုင်

ဟိုသူငယ်ချင်းတွေနဲ့လည်းလုပ်၊ ကိုယ့်ဟာကိုယ်လည်းလုပ် ဒါတွေလည်းရှိခဲ့တာပဲ။ ပိုက်ဆံ၊ ငွေရေးကြေးရေး အဓိကမဟုတ်တာတွေရောပေါ့

ဆိုတော့ အခက်အခဲတွေအများကြီးရှိခဲ့တာပေါ့။ အဲတော့ အဓိကက ကိုယ်ဝါသနာပါဖို့၊ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုက်ဖို့ပေါ့။ ဒါတွေက

အခက်အခဲတွေကို သည်းခံနိုင်တယ်၊ ကျော်နိုင်တယ်။ အဲလိုမှမဟုတ်ရင် စိတ်ပျက်သွားပြီးတော့ လမ်းကြောင်းပြောင်းသွားတယ်။

လမ်းတစ်ဝက်မှာတင်လမ်းကြောင်းပြောင်းသွားရင် တအားနစ်နာတယ်။ လူငယ်တွေအတွက်လေ။ နောက်အလုပ်တစ်ခုကနေပြန်စရတယ်။

အဲဒါမျိုးတွေမဖြစ်အောင်သတိထားပြီးတော့ လုပ်သင့်တယ်ပေါ့နော်။ အဓိကအဲဒီအရွယ်မှာ အရေးအကြီးဆုံးပဲ။ အဲဒီနေရာမှာ

တကယ်စိတ်ပါလက်ပါ ကိုယ်ဝါသနာပါရာရွေးခဲ့တဲ့သူက ထူးချွန်ပါတယ်။ ထူးချွန်တဲ့သူက အောင်မြင်တာပဲ။ အဓိကက အဲဒါပါပဲ။

ကိုယ်မှာချင်တာလေ။ ကျေးဇူးတင်ပါတယ်။

Last Updated on Thursday, 12 August 2010 11:42
 

Partner Link

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday1539
mod_vvisit_counterYesterday2351
mod_vvisit_counterThis week3890
mod_vvisit_counterLast week15055
mod_vvisit_counterThis month13096
mod_vvisit_counterLast month69370
mod_vvisit_counterAll days1230466

We have: 9 guests, 3 members, 18 bots online
Your IP: 38.107.191.102
 , 
Today: Sep 06, 2010

Who's Online

We have 137 guests and 2 members online