| တစ်ခါတက် ၅၀၀ |
|
|
|
| Joke - Joke | |||
| Wednesday, 27 January 2010 14:52 | |||
|
ဒီနေ့ ကံမကောင်းပါလားဆိုတဲ့ နေ့တွေဟာ ဦးတွတ်ပီ ဆီမှာပဲ ရှိတယ်မှတ်နေတာ။ဘယ်လိုလုပ်ကျွန်တော်ဆီရောက်လာ မှန်းမသိဘူး။ အခုလည်းကြည့်လေ Service သွားရမယ့် အိမ် ခုထိ ကျွန်တော်ရှာမတွေ့သေးဘူး။ လိပ်စာသေချာမမေးဘူး လားဆိုတော့ သေချာမေးတာပဲ။ ခု ရောက်နေတဲ့နေရာနားမှာပဲ ဒီအိမ်ရှိနေမှာ ဒါပေမယ့် လမ်းတွေက တစ်လမ်းဝင်သွား လိုက်ရင် အရှည်ကြီးပဲ အိမ်တွေကလည်း သူ့ခြံ နဲ့ သူ ဆိုတော့ တစ်အိမ်တစ်အိမ်ရောက်ဖို့ ဝေးမှဝေး။ ဒီတစ်လမ်းကို ၀င် သွားပြီးမှ မဟုတ်ရင် တစ်ခါ အဝေးကြီးကို ပြန်ထွက်ရပြန်ရော။ အဲ့ဒီလိုသာဆို Taxi ငှားပြီးရှာလည်းလွယ်မှာမဟုတ်ဘူး။ ကျွန်တော်လည်း Service လိုက်တဲ့ ဘ၀ကျမှပဲ ရန်ကုန်မြို့ကို တော်တော်နေရာစုံရောက်ဖူးတော့တယ်။ ဒါပေမယ့်လည်း ခု ပြောသလို အိမ်ရှာမတွေ့တဲ့ကိစ္စကလည်း တစ်ခါ နှစ်ခါ လည်းမဟုတ်ပါဘူး။ နောက်ဆုံးတော့လည်း ရှာတွေ့တာပါပဲ။ အဲ့ အခုပြသာနာက တော်တော်ဆိုးတယ်။ အိမ်ကလည်း ရှာမတွေ့သေးဘူး။ နောက်ပြီး ကျွန်တော် ဗိုက်နာလာတယ်ဗျ။ တကယ့်ပြသာနာပဲဗျာ။ ခင်ဗျား မထွက်လာခင်ကတည်းက ကိစ္စရှင်းခဲ့ပါလာဆို အဲ့ဒီလိုလည်း မဖြစ်ဖူးပါဘူးဗျာ။ ဒီလိုပဲ Service လိုက်နေကျပါ။ ဒီနေ့ ကံမကောင်းပါလားဆိုတာ အမှန်ပဲဗျာ။ နေကပူ၊ ချွေးကပြန်၊ လမ်းလျှောက်ရလို့ လူကမော၊ အိမ်ကလည်းရှာမတွေ့ အဲ့ဒီအပြင်ဘာတဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိ မှန်လိုက်တာဗျာ.........။ သောင်ပြင်မှာလွှတ်တဲ့ရွှေင်္ဟသာ လေးလို ကျွန်တော်မှာ ဘယ်ပြေးလို့ပြေးရမှန်းမသိ အောင်မလေးဗျ ဗိုက်ကလည်းနာ ဇောချွေးတွေလည်းပြန်......... - ကျွန်တော်ပြည်လမ်းဘက်ပြန်ရောက်လာတယ် ခြံအကျယ်ကြီးထဲမှာဖွင့်ထားတဲ့ ကောင်းပေ့ညွှန့်ပေ့ စားသောက်ဆိုင် တစ်ဆိုင်ကိုတွေ့တယ်။ သိပ်ရှည်ရှည်ဝေးဝေးမစဉ်းစားတော့ဘူး။ ကုန်ကျစရိတ်တွေဘာတွေလည်းမစဉ်းစားနိုင်တော့ဘူး။ ကျွန်တော် Coke တစ်ဗူးလှမ်းမှာလိုက်တယ်။ ပုလင်းအချိုရည်က ဒီလိုဆိုင်မျိုးမှာမရနိုင်ဘူးလေ။ သူ အအေး သွားယူနေတုန်း အစ်ကို ရေအိမ်ဘယ်မှာတုန်းဆိုပြီး တစ်ခါတည်းနော် တစ်ချိုးတည်းပြေးရတော့တယ်။ ကမ္ဘာကြီးငြိမ်းချမ်းသွားပြီးတဲ့နောက် အအေးဖိုးပိုက်ဆံထုတ်ရှင်းလိုက်တယ်။ အဲ့ဒီခေတ်အခါက ၅၀၀ ဆိုတာ သိတယ်မဟုတ်လား။ နှမျောပေမယ့်လည်း မတက်နိုင်ဘူးလေ။ အအေးကလည်း ကြိုက်လို့ ၀င်သောက်တာမှမဟုတ်တာ။ မြို့လယ်ကောင်ရဲ့ .......Public Toilet...... တွေ တစ်ခါတက် ၅၀ မှာ
|
|||
| Last Updated on Thursday, 22 July 2010 11:18 |
















